" ဘယ် သူ ပါ လဲ "
ထိရက်စရာပင်မရှိတဲ့မျက်နှာဖွေးဥဥလေးက ကိုယ် တွေနဲ့နေတုန်းကထက်တောင်ပိုကြည့်ကောင်းနေသေးတယ် ။
မမျှော်လင့်ပဲမျက်စိရှေ့မှာပြန်တွေ့နေရပေမယ့် နာနာကအဖိုးတန်အိမ်ကတကယ့်မင်းသားလေးဖြစ်ခဲ့ဟန်ထင်ပါတယ် ။
ရပ်ကွက်ထဲမှာနေကတည်းက ကောင်မလေးတွေဝိုင်းဝိုင်းလည်နေအောင်ဝိုင်းကြိုက်ခံခဲ့ရတဲ့ညီလေးက အခုလည်းမိန်းကလေးတွေပိုဝိုင်းနေလောက်မလား?" ဘယ်သူလဲလို့ "
စိမ်းဖန့်ဖန့်မျက်ခုံးတို့က စုကြုံ့နေပြီး တစ်လုံးချင်းပြန်မေးလာသည့်နာနာ့ကို ရွမ်ကျွင့်ကြောင်ပြီးကြည့်နေမိတာ အချိန်မည်မျှကြာသွားသည်မသိ ။
လှမ်းလက်စလက်တို့ကိုပြန်ရုတ်လိုက်ပြီး
" နာနာ "
" လူမှားနေတယ်ထင်တယ် ကျွန်တော်ကခင်ဗျားသိတဲ့သူမဟုတ်ပါဘူး "
တည်တည်ငြိမ်ငြိမ်ပြောနေပေမယ့် ၁၀နှစ်နီးပါးအတူနေလာတော့ နာနာလိမ်နေတာမှန်းတန်းသိတယ် ။
အထူးသဖြင့် စိတ်ရှုပ်ပြီဆိုပုတ်ခတ်ပုတ်ခတ်လုပ်တတ်တဲ့မျက်တောင်ရှည်တွေ ။နားမလည်နိုင်တဲ့အခြေအနေတွေကိုဘေးဖယ်ပြီး ပြောနေကျအတိုင်းစကားပြောကြည့်လိုက်ပေမယ့် သိပ်တည်ငြိမ်နေတဲ့ကောင်လေးက တခုခုကိုဖုံးကွယ်ထားချင်နေပုံပါပဲ ။
" ကျွန်တော်တို့သွားရအောင် "
ဘေးကဗလတောင့်တောင့်လူနှစ်ယောက်ရဲ့စကားကိုခေါင်းငြိမ့်ပြီးလိုက်ပါသွားတာက နှုတ်ဆက်ဖော်တောင်မရ ~
အထက်တန်းလွှာတွေချည်းစုပြုံနေတဲ့ ခေါင်းကိုက်စရာDinnerပွဲမှာ ၈လကျော်ပျောက်ဆုံးနေခဲ့တဲ့နာနာနဲ့ပြန်ဆုံခဲ့တယ် ။
ရွမ်ကျွင့်နားမလည်နိုင်စရာအခြေအနေတွေနဲ့ပေါ့ ။
" ဘယ်လိုလဲ ~ ကြိုဆိုပွဲကိုသဘောကျရဲ့လား "
ဝိုင်ခွက်ကိုလှုပ်ယမ်းရင်း မေးငေါ့မေးလာသူဆီ ခပ်စူးစူးအကြည့်တို့ပို့လိုက်ပေမယ့် တဖက်ကအကြည့်တို့ကယိုင်နဲ့မသွား ။
YOU ARE READING
𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )
Fanfictionချစ်ခြင်းတွေကကြိုပြီးစာရင်းပေးထားလို့ရသလား? သေဆုံးဖို့ရွေးချယ်ခဲ့ခြင်းကသူ့ကြောင့်ဖြစ်သလို ပြန်လည်မွေးဖွားလာတော့လည်း သူ့ကိုချစ်ဖို့ပဲဖြစ်နေပြန်တယ်....!