“ လာပြီလား ကိုယ်ရံတော်ကြီးဗျ ”“ ဘာလဲ ကိုယ်ရံတော်က ”
“ ကိုယ်ရံတော်လေ ကိုကို့အနားမှာပဲရံနေချင်တဲ့..”
အီဟယ်ချန်းရဲ့မဲ့ရွဲ့ပြီးပြောနေတဲ့စကားတချို့ကို ဘာမှမတုံ့ပြန်ပဲ မသိချင်ယောင်ဆောင်နေလိုက်တယ် ။
မဟုတ်ရင် ဒီနေ့အဖို့စ,လို့ပြီးမှာမဟုတ်တော့ဘူးလေ ။“ ဒါနဲ့မင်း မပင်ပန်းဘူးလား ? ”
“ ဘာကိုလဲ ”
“ မဟုတ်ဘူးလေ ကုမ္မဏီမှာလည်းပြေးပြီးစောင့်ရှောက်ရသေးတယ် ပြန်လာရင်လည်းဒီမှာအလုပ်လုပ်သေးတယ် ”
“ ဟိုမှာက အလှည့်နဲ့အချိန်ပိုင်းလေ မပင်ပန်းပါဘူး ”
“ တစ်ခါတလေကျမင်းကအကြီးလား သူကအကြီးလား ငါတောင်သံသယဖြစ်တယ်သိလား တော်သေးတာပေါ့ လေးနှစ်တောင်ကွာလို့ ”
“ ငါ့ကိုပွားမနေပဲ အလုပ်သာလုပ်စမ်းပါ တော်တော်နားညီးတာမင်း ”
“ ဘယ်တော့မှပြောမှာလဲ ”
“ ဘာကိုလဲ ”
“ အာ ဘယ်အချိန်အထိ ဒီလိုမျိုးကြီးပဲနေ နေမှာလဲလို့ ”
“ မသိဘူး ... ”
သူ့အဖြေကအဝေးမှာလွင့်မျောနေတဲ့တိမ်ဆိုင်တွေလိုပဲ ။
မြင်နေရပေမယ့် နီးနီးလေးမှာရှိနေတယ်ထင်ရပေမယ့် တကယ်တမ်းဖမ်းဆုပ်ကြည့်တဲ့အခါ လက်တွေ့ကကွာခြားလွန်းတယ်မလား ။တဖက်သတ်ဆိုတဲ့စကားက ခံစားချက်တွေကိုမြိုသိပ်ထားဖို့အကောင်းဆုံးခြုံစောင်တစ်ခုပဲ ။
တစ်ခါတလေကျသတ္တိရှိချင်ပေမယ့် လက်ရှိအခြေအနေလေးပျက်ယွင်းသွားမှာလည်း သေလောက်အောင်ကြောက်တယ်ခံစားချက်တွေလွန်ဆွဲနေတာက ကိုကိုနဲ့ပတ်သတ်ပြီးနည်းနည်းလေးမှအတိမ်းအစောင်းမခံနိုင်တဲ့သူ့စိတ်ကြောင့်ပဲလေ ။
“ ငါကတော့ပြောလိုက်တာကပိုပြီး အဆင်ပြေမယ်လို့ထင်တာပဲ ... မြိုသိပ်ထားတယ်ဆိုတာကိစ္စတိုင်းမှာကောင်းတာမဟုတ်ဘူး ! ”
“ ဟင့်အင်း ။ အခုတော့မဟုတ်သေးဘူး အချိန်အတိုင်းအတာတစ်ခုလောက်ရောက်ရင်တော့ငါဖွင့်ပြောမှာပါ... ”
YOU ARE READING
𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )
Fanfictionချစ်ခြင်းတွေကကြိုပြီးစာရင်းပေးထားလို့ရသလား? သေဆုံးဖို့ရွေးချယ်ခဲ့ခြင်းကသူ့ကြောင့်ဖြစ်သလို ပြန်လည်မွေးဖွားလာတော့လည်း သူ့ကိုချစ်ဖို့ပဲဖြစ်နေပြန်တယ်....!