Chapter-2

512 64 2
                                    

နောက်တစ်နေ့မနက်တွင်လည်း မေထက်မြတ်က မောင့်ဒေါ်လေးတို့အိမ်ရှေ့ကို ဆိုင်ကယ်တစ်လက်နှင့် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာလေသည်။

"ပိုးပိုးရေ... သမီးသူငယ်ချင်းလာတယ်"

ဒေါ်လေးက အော်ပြောတော့မှ မောင်လည်း အိမ်အောက်ထပ်သို့ ကပြာကယာဆင်းလာပြီး ထွက်တွေ့ရသည်။

"ဆို... ဘာကိစ္စလဲ"?

"အံမယ်... မာနကြီးလိုက်တာ၊ မောင့်ကို လာခေါ်တာပေါ့... မောင်မိုးညှင်းမှာ သွားလည်စရာနေရာမရှိဘူးမလား? လာ.. ငါလိုက်ပို့မယ်၊ အတူတူထွက်လည်ကြရအောင်..."

"နေပါစေတော့ တော်တော်ကြာ မိုးကရွာလာအုံးမယ်"

မောင်က အုံ့မှိုင်း‌နေသည့် ကောင်းကင်ကို မော့်ကြည့်၍ပြောသည်။ မေထက်မြတ်က ပခုံးတစ်ချက်တွန့်လိုက်သည်။

"မိုးရွာလည်း ဘာဖြစ်လဲ ခေါင်းပေါ်မှာ အိုင်ပါတာမှမဟုတ်တာ၊ ထီးယူလာလေ..."

မေထက်မြတ်တစ်ယောက်ဟာ စကားပြောရင် ဒီလိုပဲ။ ဘုကန့်လန့်နဲ့။ မပြောင်းလှဲသေးဘူး။ ဒါပေမယ့် မောင်က သူနဲ့ထွက်လိုက်သွားမိပါတယ်။

မေထက်မြတ်က ကောလိပ်ကျောင်းသား အတွဲတွေသွားတတ်တဲ့ ကံ့ကော်ပင်တန်းဘက် ထွက်လာသည်။ လမ်းဘေး‌တွင် စားသောက်ဆိုင်လေး တစ်ဆိုင်နှစ်ဆိုင်ရှိသည်။ မြေနီလမ်းကလေးအတိုင်းသွားပြီးကုန်းတစ်မော့တက်ကလေး၏ ထိပ်တွင် စေတီတစ်ဆူရှိသည်။ ဉာဏ်တော်က သိပ်မမြင့်လှ။ ထိုစေတီလေး၏ အောက်ဘက်အဆွယ်လေးတွင် တရုတ်စကားပင်တွေရှိသည်။

မေထက်မြတ်နဲ့ မောင်တို့ တရုတ်စကားပင်အောက်က ခုံတန်းကလေးမှာ ထိုင်လိုက်ကြသည်။ တစ်ဖက်ခြမ်းမှ ဝါးရုံထက်တွင် စာငှက်များ၏ တကျစ်ကျစ်အော်သံကို ကြားနေရသည်။ မနေ့က မိုးရွာထားသဖြင့် မြေနီလမ်းမှာ လျှောပြီးပျော့နေကာ ဆိုင်ကယ်ဘီးရာတွေ အစင်းလိုက်ထင်းနေသည်။

"နင်ဘွဲ့ရပြီးပြီလား... "

မောင်က စကားစမရှိ၍ မေးလိုက်ခြင်းဖြစ်သည်။

"ဟင့်အင်း... ဒုတိယနှစ်မှာပဲ ငါကျောင်းထွက်လိုက်တယ်"

မေထက်မြတ်က မောင်ထင်မထားသည့်အဖြေကို ပေးလာသည်။ မောင့်ရင်ထဲမှာ ဝမ်းနည်းသလိုလို၊ သူ့ကိုလည်း သနားသလိုလို ဖြစ်နေမိသည်။

မောင့်သက်လှယ်...တည်စေမြဲ။ Where stories live. Discover now