Chapter-8

293 38 1
                                    

"ဆိုဖီယာက အလုပ်ထွက်တော့မယ် ဟုတ်လား..."

မိုးဆောင်းက အံ့ဩစွာ ရေရွတ်လိုက်သည်။

မောင့်မျက်ဝန်းတွေမှာ ဗလာနတ္ထိ၊ အေးတိအေးစက်ဖြင့်...။

"ဟုတ်တယ် မိုးဆောင်းရယ်... သူကိုယ်တိုင် တို့နဲ့အတူ အလုပ်လုပ်ချင်စိတ် မရှိတော့မှတော့ လစာတွေ ဘာတွေတိုးပေးပြီး ဆွဲထားနေလည်း အလကားပဲပေါ့၊ သူကိုယ်တိုင်ကမှ စိတ်မပါတော့တာ... သူ့ကို သွားခွင့်ပေးလိုက်ရုံပေါ့... "

ဆိုဖီယာသည် 'Maung' ကော်ဖီဆိုင်လေးမှာ အက္ခရာအကျဆုံး ဝန်ထမ်းတစ်ဦး။ မောင်အားအထားရဆုံး၊ မောင့်ရဲ့ လက်ရုံးတစ်ဆူဆိုလည်း ဟုတ်သည်။ အခုတော့ဖြင့် ဆိုဖီယာကိုယ်တိုင်ကပါ မောင့်ကို သစ္စာဖောက်လေပြီ။ ကော်ဖီဆိုင်လေးက မိုးဆောင်းနဲ့ မောင်တို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကလေးသာ။

မိုးဆောင်းမှာ ရူးချင်သည်။ ပြန်တွေးကြည့်တော့ မိမိကိုယ်တိုင်ကသာ ဘာမှအသုံးမကျ ဖြစ်နေသည်ဟု ခံစားရသည်။ ဘဝတစ်လျှောက်လုံးကို ပြန်လှည့်တွေးလျှင်တောင် မိုးဆောင်း လုပ်ဆောင်ခဲ့သည့်အရာဟူ၍ ဘာမျှ မည်မည်ရရသိပ်မရှိ။

မိုးဆောင်းဆိုသည့်ကောင်မလေးတစ်ယောက် မွေးလာသည်။ အရွယ်မရောက်မီ ကျောင်းသူဘဝကလေးမှာ မိခင်ကဆုံးသည်။ ဆယ်တန်းကိုလည်း အများတကာလို ထူးထူးချွန်ချွန်မအောင်မြင်ပဲ ရိုးရိုးကလေးသာ အောင်သည်။ တက္ကသိုလ်ကိုလည်း ရိုးရိုးကလေးသာ တက်ခွင့်ရခဲ့သည်။

ထို့ကြောင့် ရိုးရိုးဘွဲ့ကလေးတစ်ခုယူပြီး မိမိကိုယ်တိုင် အလုပ်အကိုင်ကလေး လုပ်နိုင်သည့်အခါ သိပ်မကြာခင် နာမကျန်းဖြစ်၍ ဆေးကုရသေးသည်။ ပြန်လည်ကျန်းမာလာသည့်အခါ ချစ်သူကောင်မလေးနှင့်အတူ လိုက်နေသည်။ သူ့ဘဝတစ်ခုလုံးမှာ ဒါပဲ ဖြစ်သည်။

အရာအားလုံး ရိုးရိုးသာမာန်ဖြစ်နေသည့် အညတရ ဘဝထဲတွင် ထူးခြားသည့်အရာဆိုလို့ မိုးဆောင်း၌ ‌'မောင့်ကိုချစ်မိသည့် အချစ်' တွေပဲရှိသည်။ မိုးဆောင်းဘဝတွင် ထူးခြားသည့် ဆုလာဘ်ဆို၍ မောင် တစ်ယောက်ကို ပိုင်ဆိုင်ခွင့် ရခဲ့ခြင်းလေးသာ ဖြစ်သည်။

မောင့်သက်လှယ်...တည်စေမြဲ။ Where stories live. Discover now