#unicode
တစ်ပတ်ဆိုသော အချိန်ကာလက သိပ်ပင်မကြာလိုက်ပေ။ဒီနေ့ဖေဖေပြန်လာမည့်နေ့ဖြစ်သည်။
' ဒေါက် ဒေါက် ' " Healer "
တံခါးခေါက်သံနှင့်အတူ ထိုထူးဆန်းသော အခေါ်အဝေါ်ကကပ်ပါလာသည်။
တကယ်ပဲ အမှတ်မရှိတဲ့ကောင်။ထယ်ယောင်း စိတ်ပျက်လက်ပျက်ဖြင့် တံခါးကိုဆွဲဖွင့်လိုက်တော့ ရုပ်ကလေးနဲ့မှမလိုက် အရစ်ရှည်တတ်လွန်းသောသူက တံခါးရှေ့တွင် သန့်ပြန့်စွာရှိနေတာဖြစ်သည်။
" အန်ကယ်လ် ကင်မ်ကိုသွားကြိုရမယ် "
အေးတိအေးစက်အပြောကထိုမျှသာ။အခုထိ ဘာမှမပြင်မဆင်ရသေးသော မိမိအားခြေဆုံးခေါင်းဆုံးကြည့်နေသေးသည်။
" မင်းကို ဘယ်နှခါလောက်ပြောနေရမှာလဲ ငါ့နာမည်ကင်မ်ထယ်ယောင်းလို့ ဦးနှောက်မကောင်းဘူးလား "
ထယ်ယောင်းက ဒီကောင့်ကိုဆို အကောင်းကိုမပြောချင်ပေ။
" ဒါဖြင့် ကိုယ်ခေါ်လို့ထွက်လာတာမဟုတ်ဘူးပေါ့ "
ထယ်ယောင်းပြောစရာစကားမဲ့သွားသည်။ဒီကပ်သီးကပ်ဖဲ့ကောင်ကို အဖက်လုပ်မိတာကိုက သူ့အမှားဖြစ်သည်။ထို့ကြောင့် တံခါးကို ဗန်းခနဲအသံမြည်အောင်ပိတ်ပစ်လိုက်သည်။
တံခါးရှေ့ကျန်နေခဲ့သည့်ဂျောင်ဂုမှာတော့ ရှားပါးသည့်အပြုံးတစ်ခုဖြစ်တည်ခဲ့ရသည်။
တကယ်ကိုပဲ Healerကအဆိုးလေးအဖြစ်ကြီးပြင်းလာခဲ့တာဖြစ်သည်။သူဘယ်လောက်ထိ ညှိယူမှပြန်အဆင်ပြေနိုင်မည်မသိသေးသည့် အခြေအနေပင်။
သူ့ကိုမမှတ်မိသည့် Healerကိုစိတ်ဆိုးချင်ပါသော်လည်း ခံစားချက်နက်ရှိုင်းမှုချင်းမတူညီခဲ့ကြဘူးမို့လား။
သူ့အတွက်သာ Kim Taehyungဆိုတဲ့ကောင်လေးက အရာရာဖြစ်ခဲ့တာဆိုသော်ငြား ထယ်ယောင်းအတွက်တော့သူက ကလေးဘဝရဲ့အမှုန်အမွှားလေးသာဖြစ်သည်။
ဘယ်လိုအခြေနေတွေပဲဖြစ်ပါစေ ယခုသူ ထယ်ယောင်းကို ပိုင်ဆိုင်ခွင့်ရတော့မည်ဖြစ်သည်။ကျိန်းသေပေါက် Healerက သူ့အပိုင်။ဂျွန်ဂျောင်ဂုဆိုတဲ့ သူတစ်ယောက်တည်းရဲ့အပိုင်..