#unicode
ခပ်ပြုံးပြုံးစိုက်ကြည့်နေသူက နောက်နေပုံလည်း မပေါ်ပေ။ထယ်ယောင်းအတွက် ငယ်ဘဝဆိုသည့် အတိတ်ကို ရေရေရာရာမမှတ်နိုင်ခဲ့ပေ။
သူ၁၀နှစ်သားအရွယ်တွင် အပျင်းဖျားပြီး ပြင်းထန်ခဲ့တာကြောင့် နိုးလာချိန်တွင် မှတ်ဉာဏ်တစ်ချို့ ဆုံးရှုံးခဲ့ရသည်။
ဘာကိုမှ သဲသဲကွဲကွဲ မမှတ်မိနိုင်တော့ပဲ ထိုအချိန်ကစပြီး ဦးလေးကြီးကသာ သူ့အားထိန်းကျောင်းစောင့်ရှောက်ခဲ့တာဖြစ်သည်။" ကိုယ်တို့ ငယ်ငယ်က ဆုံဖူးတယ်
အဲ့အချိန်တုန်းတွေတုန်းကဆိုရင် မင်းက အမြဲတမ်းပြုံးနေတတ်တဲ့ ကလေးလေးတစ်ယောက်ပဲ ပြီးတော့ နွေးထွေးတယ် "" အဟွန်း "
ထယ်ယောင်းက အသံထွက်သည်အထိ ရယ်မိတော့ ဂျောင်ဂုက ကြည့်လာသည်။
" ဘာလို့လဲ "
" မဟုတ်ဘူး အခုငါနဲ့အရမ်းကို ကွဲပြားလွန်းလို့ပါ "
" အင်း လုံးဝပဲ "
ပြန်တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်ကြောင့် ထယ်ယောင်း ဆေးလိပ်တစ်လိပ်ကို ထပ်၍မီးညှိလိုက်မိသည်။
" ကိုယ်မင်းနဲ့ သူငယ်ချင်းဖြစ်လို့ရမလား ဒီအခြေနေကနည်းနည်းထူးဆန်းနေပေမယ့်
စိမ်းသက်နေတဲ့ ဆက်ဆံရေးထပ်တော့ သာမယ်ထင်တယ် "မီညှိလက်စပင် ရပ်တန့်သွားရရင်း ထယ်ယောင်း ခေါင်းထဲဖျက်ခနဲဝင်လာသည်က အရစ်ရှည်ကောင် ဘာတွေများ အကွက်ချနေသည်မသိ ဆိုတာပင်။ထယ်ယောင်းအား အလိမ္မာသုံး၍ ထိန်းချုပ်ချင်နေသည်လား။ဒီလိုလုပ်ရင် အောင်မြင်မည်ဟု တွက်နေလျှင် မှားပေလိမ့်မည်။
" ငါ့လွတ်လပ်ခွင့်တွေကို မပိတ်ပင်ရင်ပေါ့ "
ထို့နောက် သတ္တုမီးခြစ်အား ဂျောက် ခနဲနေအောင်ပြန်ပိတ်လိုက်သည်။
" အဟား! ကောင်းပြီ ကိုယ်ခွင့်ပြုတဲ့အထဲ ဒီနေ့လိုကိစ္စတော့မပါဘူး Healer
မင်းလိုကောင်လေးက ရဲစခန်းနဲ့မအပ်စပ်ပါဘူး "ထယ်ယောင်းက ခေါင်းမငြိမ့်ခဲ့သလို ခေါင်းလည်းမခါခဲ့မိပေ။
ထို့နောက်သူတို့အတူအိပ်ယာဝင်ခဲ့ကြသည်။အရင်နေ့တွေကထက်စာလျှင် သူတို့နှစ်ဦး ပိုနီးစပ်လာပြီလားလေ။
.
.
နောက်တစ်မနက်တွင်ထုံးစံအတိုင်း ဂျောင်ဂုကသာ အရင်နိုးလာခဲ့သည်။
မိမိဘေးတွင် အိပ်စက်နေဆဲဖြစ်သူကို မိနစ်အနည်းငယ်မျှကြာအောင် ကြည့်နေပြီးကာမှ အလုပ်သွားဖို့ ပြင်ဆင်ရတော့သည်။