#Unicode
ထယ်ယောင်း ဒယ်ဒီ့ဆီရောက်နေခဲ့တာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။
လူကြီးတွေဖြစ်လေ့ဖြစ်ထရှိသည့် အသေးအမွှားရောဂါလေးသာဖြစ်ကြောင်း ဆရာဝန်တွေပြောချက်အရသိရသည်။
သို့သော်လည်း ဒယ်ဒီက သူ့ဆီရောက်ခိုက် ခဏနေပါဦး ပြောလာတာကြောင့် ထယ်ယောင်း လိုက်လျောခဲ့သည်။အလုပ်တွေနားထာသည့် ဒယ်ဒီက ထယ်ယောင်းနှင့် စကားစမြည်တွေလည်းပြောဖြစ်သလို ချက်စ်လည်းကစားဖြစ်ကြသည်။
အရင်ကနှင့်မတူစွာ သားဖနှစ်ယောက်ကြား နွေးထွေးမှုတွေစီးဝင်လျှက်။အရာရာအဆင်ပြေသော်လည်း ဂျွန်ဂျောင်ဂုမရှိခြင်းကတော့ အဆင်မပြေခဲ့ပါ။
အလွမ်းကို ထယ်ယောင်းမသိခဲ့သော်လည်း အခုတော့လက်တွေ့ကြုံနေရပြီဖြစ်သည်။Facetimeပြောချင်တိုင်း ဒယ်ဒီ့ကျန်းမာရေးအကြောင်းသာပြောဖြစ်ကြတာမို့ ချစ်သူရည်းစားတွေလို လွမ်းကြောင်းဆွေးကြောင်းလည်း မဖွင့်ဟဖြစ်ကြ။
သို့သော် ပိုသိလာတဲ့ အလွမ်းဒဏ်ကို ထယ်ယောင်းလည်း အလူးအလဲခံစားနေရတာဖြစ်သည်။" Healer "
" အင်း အဆင်ပြေရဲ့လား အလုပ်တွေ "
အခုမှရေချိုးပြီးထားပုံရတဲ့ဂျောင်ဂုက bathrobeအဖြူကို ဝတ်ထားတာဖြစ်သည်။
Laptop screen ပေါ်တွင်အပြည့်ပေါ်နေသည့် မျက်နှာနုနုဟာ ထိတွေ့ချင်စရာ။ဂျောင်ဂုရဲ့ နှုတ်ခမ်းပါးလေးကလည်း ရဲထွေးနေတာကို ထယ်ယောင်းမြင်နေရသည်။" အလုပ်တွေက အဆင်ပြေပေမယ့် "
ဂျောင်ဂုက စကားပြောတာရပ်ပြီး ထယ်ယောင်းအားစိုက်ကြည့်နေသည်။
" ဘာကမပြေလို့လဲ မင်းကအစားအသောက်အတွက်လည်း မပြေစရာမရှိပါဘူး "
ထယ်ယောင်းက မသိတတ်စွာပဲ ပြောလိုက်လျှင် ဂျောင်ဂုက သက်ပြင်းခပ်ဖွဖွချသည်။
" ဘယ်တော့ပြန်လာမှာလဲ Healer
မင်းမရှိတော့ ကိုယ်အဆင်မပြေဘူး ကိုယ်မင်းကိုလွမ်းနေပြီ "ဂျောင်ဂုက တစ်ခွန်းချင်းစီတိုင်းကို ထယ်ယောင်းအား စူးစိုက်ကြည့်ရင်းပြောချလိုက်တာဖြစ်သည်။
ထယ်ယောင်း ဘယ်လိုဘယ်ပုံတုန့်ပြန်လိုက်ရမည်မသိဖြစ်နေသည်။
လွမ်းတာက သူလည်းလွမ်းနေပါသည်။သို့သော် ဒဲ့ကြီးပြောလာ၍လည်း မျက်နှာပူနေမိသည်။
