#unicode
အန်ကယ်ကင်မ်ကို လေဆိပ်လိုက်ပို့ပြီးသည်နှင့် ချိတ်ဆက်ပေးသော ကုမ္ပဏီသို့ အချိန်မှီရောက်စေရန်ပြန်လာရသည်။
သားဖြစ်သူအား ဂရုစိုက်ဖို့ရန်လည်း မှာကြားနေသည်က အထပ်ထပ်အခါခါ။အန်ကယ်ကင်မ်သည် Healerနှင့် တရင်းတနှီးမရှိလှသော်လည်း Healerအား လွန်စွာချစ်သည်။ဂျောင်ဂုနှင့် အန်ကယ်လ်တွေ့ကြသည့်နှစ်တွေတစ်လျှောက် Healerအကြောင်း တစ်နေ့မပြတ်ပြောဖြစ်ကြသည်ချည်းသာ။
မိတဆိုးသားလေးမို့ အရာရာအလိုလိုက်ထားသော်လည်း စိုးရိမ်ပူပန်ရကြောင်းမနားတမ်းပြောနေတတ်သည်။
သူရှာနေသမျှဟာ သားအတွက်ဖြစ်ကြောင်း သူ့စည်းစိမ်မှန်သမျှဟာ Healerသာပိုင်ဆိုင်ကြောင်းလည်း ပြောပြတတ်သေးသည်။
အနားမှာနေ၍ ဂရုတစိုက်နွေးထွေးမပေးနိုင်သည့်တိုင်အောင် အန်ကယ်ကင်မ်ဟာ Healerအပေါ် ဖခင်တစ်ယောက်၏ တာဝန်ကျေပွန်သည်ဟု ဂျောင်ဂုထင်မိသည်။သူ့ဖခင်ထပ်စာလျှင် အန်ကယ်လ်က အဏအရာရာ သာလွန်ပါသည်။ဖုန်းကိုတစ်ချက်ကြည့်မိတော့ Barတစ်ခု၏ တည်နေရာကို ညွှန်ပြနေသည့် အမှတ်အသားလေး။အဆိုးအပေလေး Healerဟာ အခုချိန်မှာပင် Barသို့ရောက်နေချေပြီ။
သက်ပြင်းမောချရင်း ကားကိုပါကင်ထိုးကာ ရုံးခန်းရှိရာသို့တက်လာလိုက်သည်။ဒီကုမ္ပဏီက အန်ကယ်လ်ရင်းနှီးမြုပ်နှံပေးခဲ့သော ကုမ္ပဏီဖြစ်ပြီး ဂျောင်ဂုက ဒုတိယအများဆုံး ရှယ်ယာရှင်အဖြစ်ရှိခွင့်ရခဲ့သည်။
ယနေ့တွင်ပဲ အစည်းအဝေးရှိသည်မို့ ရှယ်ယာရှင်များစုဝေးကာ လုပ်ငန်းပိုင်ဆိုင်ရာ ဆွေးနွေးကြသည်။Brandအသစ်များ စျေးကွက်အတွင်း ထိုးဖောက်နိုင်ရေးနှင့် မြုပ်နှံသူများ၏ သဘောများကို မေးမြန်းပြီး အစည်းအဝေးကို အဆုံးသတ်ခဲ့သည်။
နေ့လယ်အနားယူချိန်ထိ ဘားတွင်ရှိနေသေးသော Healerဟာ ထမင်းရော အချိန်မှန်စားပြီးရဲ့လား။
အတွေးထက်လျှင်မြန်စွာ သူ့လက်တွေဟာ Healerဆိုသော contactကလေးအား ခေါ်ဆိုနေမိပြီဖြစ်သည်။" ဘာလဲ! "
အခေါက်ပေါင်းမနည်းခေါ်ဆိုပြီးကာမှ ဘာလဲဟူသော မြည်သံစွဲစိတ်မရှည်သည့်အသံကို ကြားခွင့်ရခဲ့သည်။