#Unicode
ထယ်ယောင်းလက်ကို ပတ်တီးဖြည်ရမည့်ရက်ဖြစ်သည်။
အရင်ရက်တွေမှာ ဂျောင်ဂုက ကုမ္ပဏီသို့ အရေးကြီးမှသာသွားပြီး သူ့အနားမှာသာနေပေးသည်။
ကုမ္ပဏီက ဒယ်ဒီ့မိတ်ဆွေ၏ ကုမ္ပဏီမို့သာတော်သေးသည်ပြောရမည်။ဟန်ဆောင်းနှင့် ထယ်ယောင်းအားထိခိုကိအောင်လုပ်ခဲ့သော သူနှစ်ယောက်သည်လည်း ထောင်ကျသည်ဟူသော သတင်းများတက်လာသည်။
ဟန်ဆောင်းသည် လောင်ကစားဝိုင်းတိုင်းလိုလိုတွင်ရှိတတ်သူမို့ အဖမ်းခံရတာမထူးဆန်းသော်လည်း ထယ်ယောင်းနှင့် ကားပြိုင်မောင်းခဲ့သည့်ကောင်ကတော့မတူပေ။ထိုကောင်က ဆေးမှုနှင့်ကျခဲ့တာဖြစ်သည်။
တိုက်ဆိုင်မှုဟုထင်ရလောက်အောင် ထယ်ယောင်းမတုံးသေးပေ။ဂျောင်ဂုပြောသည့် သူရှင်းမည်ဆိုသည်မှာ ဒါများလားဟုတွေးနေမိသည်။
သို့သော် သူထုတ်မမေးမိ။" လက်ကအရှင်းသက်သာသွားပါပြီခင်ဗျာ "
ဆရာဝန်ကြီးက ပတ်တီးဖြည်ပြီးသည်နှင့် ပြုံးစစပြောသည်။
" ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ကိုခွင့်ပြုပါဦး "
နှစ်ယောက်အတူပြန်ထွက်လာတော့ nurseမလေးတွေအပါအဝင် လူနာမိန်းကလေးများကပါ သူ့ဘေးက ငဂျစ်ကောင်လေးကို ငေးမောနေကြသည်။
ပတ်တီးဖြည်ထားတဲ့ လက်ကလေးကို ဖွဖွဆွဲကိုင်လိုက်တော့ လူကိုမော့ကြည့်လာသည်။မသိချင်ယောင်ဆောင်ကာသာ ဆက်ပြီးကိုင်ထားမိသည်။
ခုခေတ်မိန်းကလေးတွေက တကယ်မလွယ်ကြပေ။ကားတံခါးဖွင့်ပေးတော့ အသာတကြည်ဝင်ထိုင်သည်။
" နေ့လည်စာ အပြင်မှာပဲစားကြစို့ Healerစားချင်တာရှိလား "
" ဟင့်အင်း မင်းအဆင်ပြေတာပဲရွေးလိုက် "
ငယ်ငယ်ကအကြောင်းတွေ ပြောဖြစ်ကြသည့်အချိန်မှစ၍ နှစ်ယောက်သားကြားမှာ ပိုပြီးနွေးထွေးလာသလိုတော့ရှိပါသည်။
ထို့ပြင် ကျန်းမာရေးကြောင့် သူမမှတ်မိခဲ့ဘူးဟူ၍လည်း အကြောင်းပြချက်ပေးခဲ့သေးသည်။
ကင်မ်ထယ်ယောင်းဆိုသည်မှာ သူ့လုပ်ရက်တိုင်းကို အကြောင်းပြချက်ပေးတတ်သူမှမဟုတ်ပဲလေ။
ထိုအချက်ကပင် ဂျောင်ဂုကို ကြည်နူးစေခဲ့ပြန်တာဖြစ်သည်။
.
.
.
ထယ်ယောင်းဒီရက်တွေမှာ အပြင်သို့ သိပ်မထွက်ပေ။သူကိုယ်တိုင်က စိတ်မပါတာဆို ပိုမှန်လိမ့်မည်။အိပ်ယာထဲ ဟိုလှိမ့်သည်လှိမ့်သာလုပ်နေတတ်ပြီး တစ်နေတာကုန်ဆုံးသည်။