7

1.3K 185 2
                                    

#Unicode

ဂျောင်ဂု ယနေ့ရုံးမတက်ဖြစ်ပေ။အကြောင်းမှာ အဆိုးအပေအား စိတ်မချ၍ဖြစ်သည်။Healerက ဂျစ်သည်။သူ့အား ထိခိုက်နာကျင်စေထားလျှင် လက်တုန့်ပြန်ရမှကျေနပ်သည့် စိတ်ပြင်းပြတတ်သူဖြစ်သည်။

" ငါ့ကိစ္စငါရှင်းမယ် မင်းဝင်ပါစရာမလိုဘူး
  ဒယ်ဒီ့ကိုသာ သွားပြီးအာမချောင်နဲ့ "

" ကိုယ်က မင်းရဲ့ယောကျာ်းနော် Healer
  ဒီကိစ္စကိုယ်ရှင်းပေးမယ် မင်းထပ်ပြီးထိခိုက်ရင် ကိုယ်ဘယ်လိုလုပ်ရမလဲ ဟင် "

ဂျောင်ဂုက စိတ်မရှည်တော့သလို မျက်ခုံးတွေလည်း တွန့်ချိုးလာသည်။
ထယ်ယောင်းထိုင်နေရင်းမှ မိမိရှေ့ ခါးထောက်ကာ ရပ်နေသူကို မော့ကြည့်လိုက်သည်။

" ကိုယ်အခုပြောနေတာ မင်းကိုစိတ်ပူလို့ Healer
မင်းလက်ကိုဒီလိုဒဏ်ရာဖြစ်စေတဲ့ကောင်ကို ဒီတိုင်းထားမယ်ထင်နေလား ကိုယ်တိုင်တောင် မင်းကိုနာကျင်အောင် စကားနဲ့တောင်မပြောဖူးဘူး ကိုယ့်ရှေ့ပတ်တီးအဖွေးသားနဲ့မင်းကို မြင်ရတာ တကယ်ငရဲပဲ "

ဂျောင်ဂုရဲ့ ရင်ဘတ်ကျယ်ကျယ်က ဒေါသ​အလျှောက်အသံရှူသံပြင်းပြင်းဖြစ်နေ၍ နိမ့်ချည်မြင့်ချည်။

ထယ်ယောင်း ခဏလောက်ငြိမ်ကျသွားရသည်။ဒါက ဘယ်လိုစကားတွေလဲ။ဂျောင်ဂုအခုသူ့ကို အီစီကလီလာလုပ်နေသလား တွေးမိတော့ ကြက်သီးများပင်ထလာမိသည့်အဖြစ်။သို့သော် မျက်နှာထားအား တင်းထားလိုက်ရင်း

" သိပြီမို့ အဲ့လိုပလီပလာတွေ ငါ့ကိုလာမပြောစမ်းနဲ့ "

မျက်လုံးအပြူးသားလေးနှင့် မိမိအားမော့ကြည့်ကာ ပြောနေသူကို ဂျောင်ဂုအသဲယားသွားရသည်။
အမှန်ဆို ကိုယ်တိုင်လည်း ဒီလိုစကားမျိုးတွေ ပြောပြနေတတ်သူမဟုတ်။သူဖြစ်နေ၍သာ။ဒီလူဟာ ဂျွန်ဂျောင်ဂုရဲ့ Healerဖြစ်နေ၍သာ နှလုံးသားဆီမှ မချိတင်ကဲ ပြောထွက်လာခြင်းဖြစ်သည်။

'ဟက်'ခနဲရယ်မိတော့ အကြည့်လွှဲကာ ထသွားတော့သည်။နားရွက်ဖျားလေးတွေရဲနေတာမြင်လိုက်ရသည်မို့ ရှက်သွားပြီထင်သည်။သူရဲ့Healerဟာ ရှက်လျှင်လည်း အသဲယားစရာပင်။

KIM HEALERDonde viven las historias. Descúbrelo ahora