9

1.3K 174 2
                                    

#Unicode

အခန်းထဲကို ဝင်ပြေးလာခဲ့လိုက်ပြီးမှ ထယ်ယောင်း ခန္ဓာကိုယ်ကို ရုတ်ချည်းရပ်ပစ်လိုက်သည်။

သူကဘာလို့လဲ။ဂျွန်ဂျောင်ဂုက နမ်းတာကို ဘာလို့ငြိမ်ခံခဲ့ရတာလဲ။

ပါးပြင်တွေပေါ် လက်ဖဝါးရောက်မိတော့ အေးစက်နေလျှက်။အပြင်က လေအရမ်းတိုက်နေ၍ပဲဖြစ်ပါလိမ့်မည်။

' ကိုယ်မင်းကို ချစ်တာသိနေရဲ့လား '

" ချစ်တယ်လည်းမဟုတ်ပဲ ဘာတုန်းသိနေရဲ့လား "

တစ်ကိုယ်တည်းရေရွတ်နေမိပြန်သည်။ဂျွန်ဂျောင်ဂုကြောင့် သူမူမမှန်တော့ပေ။
ခုနောက်ပိုင်း ဂျွန်ဂျောင်ဂုရဲ့ ရိသဲ့သဲ့ပလီပလာစကားတွေကို သူခံစားတတ်လာသည်။

ငယ်ငယ်ကတည်းက သိခဲ့သည်ဟူသော ဆက်ဆံရေးကိုလည်း သူပြန်မှတ်မိချင်လာသည်။
ဂျွန်ဂျောင်ဂုငယ်ငယ်က ဘယ်လိုပုံစံရှိနေခဲ့မလဲ သိချင်စိတ်တွေအထိပါဖြစ်လာရသည်။

ဂျောင်ဂုက သူ့ကိုချစ်နေသည်ဆို သူကရော ဂျောင်ဂုအပေါ် ဘယ်လိုသဘောထားနေသည်လဲ။
ပြောင်းလဲလာသည့် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိချိန် သူဟာ ဂျောင်ဂုအပေါ် ယိမ်းယိုင်ချင်နေခဲ့တာပဲမို့လား။

တစ်သက်နှင့်တစ်ကိုယ် ဘယ်သူ့ကိုမှ နှလုံးသားထဲအဝင်မခံခဲ့သည့်သူက ဂျောင်ဂုကို ချစ်နေမိပြီလား...

အတွေးတွေများနေစဥ် မှန်တံခါးချပ်ဟာ ပွင့်လာရင်း ဂျောင်ဂုအခန်းထဲကို ဝင်လာသည်။
ထယ်ယောင်း ခန္ဓာကိုယ်လေး တောင့်တင်းသွားသလို။တစ်သက်လုံး အကြောတင်းလာတဲ့သူက သူ့ထက်၂နှစ်ငယ်တဲ့ကောင်လေးရှေ့မှာ အလွဲလွဲအချော်ချော်ပင်။

" Healer "

ပုံမှန်အတိုင်း တည်ငြိမ်လွန်းလှတဲ့အသံကိုကြားရတဲ့အခါ

" ဟင်! အော ခုပဲအိပ်တော့မလို့! "

ကိုယ့်စုံနဲ့မလိုက်စွာ အယောင်ယောင်အမှားမှား ဂျွန်ဂျောင်ဂုဟာ တကယ်မကောင်းတဲ့ကောင်!

" အဟက်  မင်းရှက်ရင် တကယ်ချစ်ဖို့ကောင်းတယ်သိလား "

ဂျစ်ကန်ကန်နှင့်သူဟာ သူနှင့်မလိုက်ဖက်အောင် ချစ်ဖို့ကောင်းသည်ဟု စွပ်စွဲခံရပြန်သည်။
ဂျွန်ဂျောင်ဂုနဲ့ပတ်သတ်လာတိုင်း အကုန်လုံးက ကပေါက်တိကပေါက်ချာရယ်ပါ။

KIM HEALEROnde histórias criam vida. Descubra agora