အဆုံးအဆမရှိတဲ့ အပြာရောင် ကောင်းကင်ကြီးရယ်။ပင်လယ်ပြာရောင် Nemophilaပန်းကြီးရဲ့အနားသတ်နေရာမှာ ဧသာန် ရပ်နေတာ။အခု ဧသာန်ရောက်နေတဲ့နေရာက ဂျပန်နိုင်ငံ Hitachi seaside။
နေရာအနှံပေါ့ပါးစွာ ပွင့်လန်းနေတဲ့ အပြာရောင်ပန်းလေးတွေက မြင်သူတကာ ရင်ကိုအေးမြစေတယ်။ဒီနေ့တော့ တစ်ဝကြီးကြည့်ရှုရမယ်။အလွမ်းပြေလေးပေါ့။ဂျပန်မှာ အနေကြာတော့ ဧသာန်လည်း ဂျပန်လူမျိုးတွေနဲ့မထူးမခြားနားဖြစ်နေပြီ။မနက်ဖြန် ကျရင် မွေးရပ်မြေ မြန်မာနိုင်ငံကိုပြန်ရမယ်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ယိမ်းသွဲ့သွားတဲ့ ပန်း ခင်းကြီးနဲ့အတူ ပင်လယ်ပြာကြီးထဲမှာ မညီးမညူ လက်ပစ်ကူးနေရင်း ကင်မရာ တစ်ချပ်ချပ်နဲ့ အပြာရောင် ပန်းလေးတွေရဲ့ကခုန်နေပုံကို မလွတ်စမ်း ဖလင်ထက်မှာ မှတ်တမ်းတင်နေမိတယ်။
ထိုစဉ်တုန်ခါလာသော ဖုန်းကို လောင်းကုတ်ထဲက ထုတ်ကာ နားရွက်ဖျားမှာ ထိကပ်လိုက်မိတော့သည်။သိပ်ကို အနှောင့်အယှက်ပေးလွန်းတယ်။
"ဟဲလို Mr.Haku"
"Mr.Dream မြန်မာပြည်ပြန်ဖို့အတွက် အကုန်လုပ်ဆောင်ပြီးပါပြီ။မနက်ဖြန် မနက်စောစော လေယာဉ်ကွင်းကိုဆင်းရပါမယ်"
"Thank ၊ပင်ပန်းသွားကြပြီ။ညနေကျရင် ညနေစာ တစ်ရုံးလုံးကိုလိုက်ဝယ်ကျွေးပါ့မယ်ဗျာ"
"ကျွန်တော် Haitachi seasideကို လာကြိုရမလား Mr.Dream ။အခြားနေရာတွေသွားဖို့ကျန်သေးပါတယ်"
ဧသာန့်သက်ပြင်းသဲ့သဲ့သာချလိုက်မိသည်။တကယ်တော့ ဒီနေရာကနေ ဧသာန် ပြန်မထွက်ချင်သေး။ဒီနေရာကို သဘောကျလွန်းလို့ အချိန်ပေးပြီး လာခဲ့ရတာ။
"ဂိတ်ဝမှာ စောင့်နေလိုက်ပါ Mr.Haku။ငါ ထွက်လာလိုက်ပါ့မယ်"
"ဟုတ်ကဲ့ Mr.Dream"
ဖုန်းကိုချရင်း ကင်မရာကို လည်ပင်းတွင် ဆွဲကာ အပြာရောင်ပန်းခင်းကြီးကို ကျောခိုင်းကာ လာလမ်းအတိုင်း ပြန်ထွက်ခဲ့သည်။ချယ်ရီပင်များကလည်း နွေဦးမို့ ပင့်လုံးကျွတ် အောင် ပန်းနုသွေးခြယ်နေကြသည်။
မနက်ဖြန်ဆိုရင်လျှင် အရာအားလုံးကိုကျောခိုင်းခဲ့ရတော့မည်။