MSH 6|U+Z

2.2K 128 4
                                    

အညိုရောင်ချောကလက်ခွက်လေးကို အုပ်ကိုင်ထားသော မောင့် လက်ချောင်းရှည်ရှည်သွယ်သွယ်လေးက အငြိမ်မနေပဲ ဖန်ခွက်ကို လှည့်နေသည်။ဧသာန် မောင့်၏လက်ဖဝါးတစ်ဖက်ကို ဆွဲယူလိုက်တော့ အသာအယာပင်ပါလာခဲ့၏။

"လက်ဆောင်ပေးတာမို့ ချွတ်မပစ်ရဘူးသိလား။ဒီပင်လယ်ပြာရောင်ကျောက်လေးက မောင့်ကိုအိပ်ပျော်အောင်လုပ်ပေးလိမ့်မယ်။ပြီးတော့ မောင်က ဆရာဝန်လေ အိပ်ရေးဝမှ ကျန်းမာမှာ"

ဧသာန် ပြုံးရင်းစကားဆိုကာမောင့်လက်ကောက်ဝတ်တွင် သေသေချာချာ လက်ပတ်ကို ဝတ်ပေးလိုက်သည်။
မဖြူမညို အသားရောင်ထက်မှာ အပြာရောင် သလင်းကျောက်လေးက ထွန်းလင်းနေတာကြောင့် တအံ့တဩဖြစ်နေသော မောင့်မျက်နှာလေးက ခွေးပေါက်လေးလို အရမ်းချစ်ဖို့ကောင်းနေသည်။

"မချွတ်ရဘူးသိလား ။ဒါ ကို ပေးထားတာမို့ မချွတ်ရဘူး ကြားလား မောင်"

"ဒါကိုဘာလို့ပေးတာလဲ"

လက်ပတ်လေးကိုအပေါ်ကိုမြှောက်ပြလိုက်တာကြောင့်ကျောက်ကလေးနှစ်ခုက ထိခတ်သွားကာ ချွင်ခနဲအသံမြည်သွားသည်။

"ချစ်လို့ ။ချစ်လို့ပေးတာ မောင့်ကိုချစ်လို့ပေးတာ"

တည့်တိုးပြောလိုက်သော ကိုဧသာန့်စကားကြောင့် မွန်းဇဝေဇဝါဖြစ်သွားရသည်။အပြောင်းအလဲ မြန်ချက်ကတော့ အလင်းအလျင်ထက်တောင် မြန်သလားပဲ။

"ချစ်လို့၊ခင်ဗျား ကိုယ့်ကိုချစ်လို့ဟုတ်လား?"

"မောင်က ဘယ်လိုထင်လို့လဲဟင်။ဒါမှမဟုတ် မောင်က လက်မခံနိုင်လို့လား"

မွန်း အလေးအနက်တွေးမိသည်။လောလောဆယ်တော့ ငြင်းရုံသာ တက်နိုင်တော့၏။

"အင်း၊လက်ဆောင်ကိုတော့ လက်ခံပေးနိုင်ပါတယ်။ချစ်တယ်ဆိုတဲ့ စကားကိုတော့ ပြန်ရုတ်သိမ်းသွားပေးပါ ကိုဧသာန်ဒရင်း။ခင်ဗျားရဲ့အချစ်က တန်ဖိုးကြီးလွန်းတာကြောင့် ကိုယ် လက်မခံနိုင်ဘူး"

ပါးချိုင့်ခွက်လေးများပျောက်ကွယ်ကာ တည်ညိမ်စွာပြောနေသော မောင့်ကြောင့် ဧသာန် ခေါင်းပင်ကိုက်လာသည်။လူကို တုံ့ပြန်မှု အမျိုးမျိုး နဲ့ သတ်နေတာပဲ။

𝐌𝐲 𝐒𝐮𝐠𝐚𝐫 𝐇𝐨𝐧𝐞𝐲 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now