MSH 10|U+Z

1.8K 97 5
                                    

တက်ပလက်ကို လက်ထဲတွင် ကိုင်ထားရင်း နှလုံးသွေးကြောပေါက်သော တေဇာလင်းရည် ဆိုသော လူနာ၏ စာရင်းများကို အသေအချာတွက်ချက်နေမိသည်။တစ်လတစ်ခါ စစ်ဆေးရသည့် ထိုလူနာ၏ နှလုံးမှာ ပြန်လည်ကျန်းမာလာပြီဖြစ်သည်။

ထို့ကြောင့် နှလုံးခွဲစိတ် ဌာသို့အကျိုးအကြောင်း သွားမေးရန် မွန်း ၌တာဝန်ရှိလေသည်။ထိုဌာနသို့ မွန်းမသွားချင်ပါ။အန္တရာလွမ်းငွေ့နှင့်ထိပ်တိုက်တွေ့မည် ဖြစ်သလို ဦးခွန်းသစ်ရောင်ဏီကိုလည်း ရင်မဆိုင်ရဲသေးပေ။

မတော်လို့ ဆရာဝန်ရာထူးက ပြုတ်ခဲ့သည်ရှိသည် ရှိသော် မွန်း မည်သည့်အလုပ်မှ မလုပ်တတ်မကိုင်တတ်။
နားကြပ်ကို ဂျူတီကုတ်ထဲသို့ လက်ဖဝါးနှင့်အတူ ထည့်ကာ ခပ်မှန်မှန်သာ နှလုံးဌာန ဘက်သို့လျှောက်လာခဲ့သည်။

အပြာရောင်ခွဲစိတ်ဝတ်စုံနှင့်အဖြူရောင်ဂျူတီကုတ်ဝတ်ထားသော ဆရာဝန် တစ်‌ယောက်ကို သင်မျက်စိမှိတ်ပြီးပုံဖော်ကြည့်လိုက်ပါ။

လက်တစ်ဖက်က ဂျူတီကုတ်ထဲကို ထည့်ထားကာ တစ်ဖက်ကလည်းတက်ပလက်ကိုင်ထားသည်။မထူမပါး ကကြီးသဏ္ဍာန်နှုတ်ခမ်းတစ်စုံ။

မဖြောင့်ဆင်းပဲ ပြေပြေလေး ဆင်းလာသည့် နှာတံတစ်စုံ။ကော်ဖီရောင်ဆံပင်နှင့် အညိုရောင်မျက်ဝန်းတစ်စုံ။

‌ရှည်သွယ်သွယ် ခြောက်ပေတစ်လက်မရှိသောအရပ်နှင့် ရှည်လျားသော ခြေတံတစ်စုံ။အဖြူရောင် ရှူးဖိနပ်အောက်က ခြေချောင်းသွယ်သွယ်များ။ထိုအရာအားလုံးသည် မွန်းဧကရာဇ်မောင်ပိုင်ဆိုင်သော အရာများဖြစ်သည်။

"‌မွန်းဧက လမ်းမှားလာတာလား"

ဌာနရှေ့ရောက်ရောက်ချင်း သူနာပြုကောင်တာရှေ့တွင် မေးထောက်ရပ်နေသော ဘယ်ဆန်ညိုကိုတွေ့လိုက်သည်။

"အေး လမ်းမှားလာတာ ဘယ်ဆန်ညို။ဒါနဲ့ မင်းတို့ဌာနက ငြိမ်လှချည်လား"

မွန်း ဌာနတစ်ဝိုက်ကိုဝေ့ဝဲကြည့်ကာ ဆိုလိုက်ရင်းကောင်တာကို ကျောမှီလိုက်ကာ ဘယ်ဆန်ညိုနှင့်မျက်နှာချင်းဆိုင်လိုက်သည်။

"ငြိမ်ဆို အရေးပေါ်ဌာနမှမဟုတ်တာ ငြိမ်မှာပေါ့။အခုလောက်ဆို အရေးပေါ်ဌာနက ဆရာဝန်ပေါက်စလေးတွေ *င် မီးခိုးထွက်နေတာကို မြင်ယောင်နေမိတယ်ကွာ ။"

𝐌𝐲 𝐒𝐮𝐠𝐚𝐫 𝐇𝐨𝐧𝐞𝐲 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now