MSH 4|U+Z

2.8K 147 3
                                    

ပါရဂူအတွက် စာတမ်းလုပ်နေသော ကိုချစ်သောစည်းအတွက် မွန်း စာစစ်နေရသည်။ကိုယ့်စီနီယာမို့ ကူညီတာကတစ်ကြောင်း ဟိုရက်က မီးလန့်တဲ့အထဲကို ပါသွားတဲ့ဒေါက်တာက ကိုချစ်သောစည်း။ အခုလည်း ပတ်တီးတန်းလန်းနဲ့။ မကူညီပေးလို့လည်း မကောင်း။ မွန်းက ဂျူတီချိန် အလျှော့ခံထားရတာကြောင့် တစ်ဖက်တစ်လှမ်းက ကူညီနေမိသည်။

စာစစ်နေရင်း အနောက်က ကိုဧသာန်ဒရင်း၏ တောက်ခေါက်သံကြောင့် မွန်း မျက်ခုံးပင့်လိုက်သည်။ထစ်ခနဲရှိ စိတ်လိုက်မာန်ပါ လုပ်ဖို့ချည်းပဲ။ ချုပ်ရိုးက စက်နဲ့ချုပ်လို့မရမှန်း သူမသိသေးဘူး။ဟွန်း ၊ကလေးထိန်းနေရသလိုပဲ...။

"တောက်"

"ခွပ်"

နံရံပေါ်သို့ပစ်ကာပေါက်လိုက်သော ဧသာန်ဒရင်း၏ အပြာရောင်ဖုန်းလေးက အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်။

"ဦးခွန်းသစ်ရောင်ဏီ ခင်ဗျားကတယ်ဂြိုဟ်ကြွလာပါလား။ဧသာန်ဒရင်းကို လာပြီးစိန်ခေါ်လိုက်တာပေါ့ ။
သင်ခန်းစာပေးရတော့မယ်နဲ့တူပါရဲ့"

"ဘာတွေဖြစ်ပြန်ပြီလဲ ကိုဧသာန်ဒရင်း။ခင်ဗျားကို စိတ်လိုက်မာန်ပါ မလုပ်ဖို့ ခဏခဏ သတိပေးထားတယ်။ဆေးရုံမှာရက်အကြာကြီး နေချင်နေတာလားခင်ဗျားရာ။ ချုပ်ရိုးတွေက စက်နဲ့ချုပ်လို့ရတာမဟုတ်ဘူး ခင်ဗျားသိရဲ့လား"

ရုတ်တရက်ထပြောလိုက်သော မောင့်စကားသံကြောင့် ဧသာန် မျက်ခုံးပင့်မိသည်။မက်ဆေ့လေးတစ်ကြောင်းကြောင့် ဖုန်းတစ်လုံးဆုံးရှုံးသွားရပြီ။

"ရက်တွေအများကြီးနေမှာလေ။ပြီးတော့ မင်းက ခဏခဏသတိပေးရမှာမဟုတ်ဘူး။အချိန်တိုင်း ငါ့အနားမှာနေပြီး တတွတ်တွတ် သတိပေးနေရမှာ။ဒါမှ ငါသတိထားမိမှာလေ"

"ဟင်း၊ခင်ဗျားနဲ့လည်းခက်တယ်ပါတယ်ဗျာ"

စာစစ်နေရတာက တစ်မျိုး။ ကလေးကိုထိန်းနေရတာက တစ်မျိုး။ တကယ် ခက်နေပြီ။မွန်းဧကရာဇ်မောင်ကတော့ တကယ့်ကလေးတစ်ယောက်ကို ထိန်းနေရသလိုပဲ။

"မခက်ပါဘူး"

"အင်း မခက်ဘူး။ဟုတ်ပြီလား။ဆေးရုံမှာ လဝက်ပဲနေရမယ့်ဟာကို ခင်ဗျား ပေါ့လျော့မနေသင့်ဘူး"

𝐌𝐲 𝐒𝐮𝐠𝐚𝐫 𝐇𝐨𝐧𝐞𝐲 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now