အေးစက်သောလေထုက ဧည့်ခန်းတစ်လျှောက်ဖုံးလွှမ်းနေသလိုသာန်ခလည်း သက်ပြင်းချရင်း ဆက်တီကိုခေါင်းမှီချလိုက်သည်။ဦးခေါင်း လက်တစ်ဖက်ဖြင့်လည်း ဖိကာ အသက်ကို မနည်းရှူသွင်း ရှူထုတ်နေရသည်။
"ဒါဆို မင်းက မွန်းဧကရာဇ်မောင် ပေါ့ ။ဧသာန်ဒရင်းကို ရေထဲပြုတ်ကျတုန်းက ကယ်ခဲ့တဲ့ ကောင်လေးပေါ့။တာဝန်ကျေခဲ့ပါတယ်။ခွန်းသစ်ရောင်ဏီလည်း ဧသာန်ဒရင်းအတွက် အိမ်ထောင်သည် ကောင်းတစ်ယောက်ဖြစ်လိမ့်မယ်လို့ထင်မိတယ်။ဘာပဲဖြစ်ဖြစ် မင်္ဂလာပွဲက ပျက်သွားခဲ့ပြီပဲ။"
"ကျွန်တော် ကိုဧသာန်ဒရင်းကို နိမ့်ကျတဲ့အခြေအနေရောက်ရင်တောင် လက်မလွှတ်ပဲ ရှေ့ဆက်လျှောက်မှာပါ။"
ဧသာန့်ကို အဖြေပေးနေသော ကောင်လေးရဲ့မျက်လုံးများက စူးရှကာ ထက်မြက်နေသည်။နောင်ရေးအေးချမ်းစေရန် လက်လွှတ်လိုက်ရမည့်အသွင်။
"နိမ့်ကျတဲ့အခြေအနေရောက်ခဲ့ရင် ငါ့သားကို ငါပြန်ခေါ်မှာကောင်လေး။လက်ခုပ်ကနှစ်ဖက်တီးမှမြည်သလို ကြိုးကလည်း နှစ်ချောင်းထိမှ ငြိတာ ။ဒါကြောင့် ဧသာန်ဒရင်းကို ကောင်းကောင်းစောင့်ရှောက်လိုက်ပါ"
ဦးသာန်ခအိုရူက ဟန်နီ့ကို တကယ်ချစ်တာ။ အများကြီး ချစ်ခဲ့တာပဲ။အဲ့အချစ်တွေကို ထုတ်မပြခဲ့လို့ ဟန်နီ မမြင်ခဲ့ရတာပေါ့။
"ဒယ်ဒီ စိတ်မပျက်စေရဘူးလို့ သားကတိပေးပါတယ်။"
"ငါ မင်းနဖူးက အမာရွတ်ကိုမှတ်မိနေတုန်းပဲ။အဲ့ဒါကြောင် ဧသာန်ဒရင်းကို မြန်မာပြည်ကို မလွှတ်ခဲ့တာ။အလားတူဖြစ်ရပ်မျိုး ထပ်ဖြစ်ခဲ့လို့ ငါ့မှာ အရူးတစ်ပိုင်းသွက်သွက်ခါခဲ့ရတယ်။အသက်အန္တရာယ် ကိုသီသီလေးလွတ်ခဲ့တဲ့ ငါ့သားကို ငါ ပိတ်ပင်ခဲ့တာ"
မွန်း ဦးသာန်ခရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။
ဒါကလည်း မွန်း ဒယ်ဒီ့ကို လေးစားလို့။"အရာအားလုံးကို အတိတ်မှာထားခဲ့ပြီး ဒီနေရာမှာပဲ ဧသာန်ဒရင်းနဲ့ မွန်းဧကရာဇ်မောင်တို့ရဲ့ ဘဝအသစ်ကို စတင်တည်ဆောက်မယ် ဒယ်ဒီ"
မွန်း သံဓိဌာန်ချကာ ပြောလိုက်သည်။စိတ်ရင်းကလည်း အပြည့်။