မောင့်လက်ကိုဆွဲရင်း ပင်လယ်ပြာကြီးထဲကို အိပ်မက်ထဲကလို ပြေးလွှားနေမိသည်။ပေါ့ပါးသည်။သွက်လက်သည်။နွေးထွေးသည်။မြတ်နိုးသည်။ပျော်ရွှင်သည်။
ရသ မျိုးစုံကို ဧသာန်ခံစားနေရသည်။ဧသာန် ပန်းခင်းကြီးအလည်တွင် ရပ်လိုက်ရင်း မောင့်ကို ဖက်လိုက်သည်။ပြီးတော့ နှစ်ဦးသား နေရာကွာသွားအောင် ခြေတစ်လှမ်းခြားလိုက်ကာ ပြုံးရင်း မောင့်ကို ငေးမောလိုက်မိ၏။
"မောင့်ကို ချစ်တယ်"
ဖွင့်ဟသံလေးကတော့ ခပ်တိုးတိုး။လေတိုးသံတွေနဲ့ တစ်သားတည်း။
"မောင်လည်း ဟန်နီ့ကိုချစ်တယ်"
မောင့်၏ အဖြေလေးကလည်း လေပြေလေးနဲ့ ခပ်သဲ့သဲ့။
"Maung will you merry me!!"
ဧသာန် ဘောင်းဘီအိတ်ထဲတွင် ထည့်ထားသော ဘောက်လှလှလေးကိုထုတ်ကာ မောင့် ကို ပြောလိုက်သည်။
"အာ ၊ဟန်နီ...မြတ်နိုးလိုက်တာ။မောင့်ကိုအရင် လက်ထပ်ခွင့်တောင်းလိုက်တယ်ပေါ့ ဟုတ်လား ဟန်နီ"
မွန်းရှေ့က လက်ထပ်ခွင့်တောင်းသော အကောင်ပေါက်ကိုလွတ်မထွက်အောင် ဖက်လိုက်သည်။အသက်ရှူသံ ယဲ့ယဲ့ကတောင် မူမမှန်ချင်တော့။
"Will you merry me !!"
"Yes,I merry you !!"
မောင့်၏ ခွန်းတုန့်သံက ဧသာန့်အတွက် သာယာသော သံစဉ်တစ်ခုလို။လေပြေသွဲ့သွဲ့ကလည်း ပင်လယ်ပြာထဲမှာ ဝေ့ဝဲတိုက်ခတ်နေ၏။
"မောင့်ကို ဝတ်ပေးမယ် "
မွန်းဘယ်ဘက် လက်သန်းကြွယ်ကို ဝတ်ပေးသော လခြမ်းသဏ္ဍာန် စိန်ပွင့်တစ်ပွင့်။မွန်းပြုံးလိုက်ရင်း ဒူးထောက်ကာ ဗူးထဲက ကျန်နေသော ကြယ်ပွင့် သဏ္ဍာန် လက်စွပ်ကို ယူပြီး ဟန်နီ့လက်ကိုကိုင်လိုက်သည်။
"Honey will you merry me"
ဧသာန့်ကို ကိုအသေအချာကြည့်ကာ မေနေသော မောင့်ကြောင့်ဧသာန် ပြုံးလိုက်မိသည်။အခု မောင်ပြုမူနေတဲ့ပုံစံက ဧသာန့် အိပ်မက်ထဲက ပုံနဲ့တစ်ပုံစံတည်း တူညီနေသည်မဟုတ်ပါလား ။
"အင်း ၊ကို လက်ခံတယ်"
ဧသာန့် လက်သန်းကြွယ်ပေါ်သို့ ထိတွေ့လာသောကြယ်ပုံစံစိန်ပွင့်တစ်ပွင့်။မောင်က လမင်းဆိုရင် ဧသာန်က ကြယ်တစ်ပွင့်။