MSH 16|U+Z

1.7K 92 3
                                    

သာန်ခ အရှေ့က ဓာတ်ပုံတွေကိုကြည့်ရင်း စိတ်တိုလာသည်။ဖခင်ရင်ကိုဆောင့်ကန်ကာ ခြေစုံပစ်သွားသည့်သားမိုက်။ယောင်္ကျားတစ်ယောက်နှင့် လူမြင်ကွင်းမှာပွေ့ဖက်နမ်းရှုပ်နေတာ လူမြင်မကောင်း။လက်ထဲက လက်တော့ကို နံရံထက်သို့ပစ်ပေါက်လိုက်သည်။

"ဧသာန်ဒရင်း အခုဘယ်မှာနေလဲ"

မိမိရှေ့တွင်ရပ်နေသော လူယုံကို မေးလိုက်သည်။

"အရင် ကွန်ဒိုမှာပဲ Mr.oru။ဒီနေ့ တိုကျိုကိုလာပါလိမ့်မယ်။သခင်လေးဘေးက ကောင်လေးက သခင်လေးကို အတော်ဂရုစိုက်ပုံပါပဲ။သခင်လေး ရဲ့ new Horizons Private Hospital က အဆုတ်အထူးကုလို့‌သိရပါတယ်။အစ်ကိုတစ်ယောက်ရှိပြီး သူ့အစ်ကို မြန်မာပြည်က လုပ်ငန်းအများစုမှ နာမည်ရနေတဲ့ လုပ်ငန်းရှင်တစ်ယောက်ပါ။နာမည်က ဒေါက်တာ မွန်းဧကရာဇ်မောင် ပါ"

ဒေါက်တာမွန်းဧကရာဇ်မောင်။ဒီ သူငယ်နှပ်စားလေးက ဧသာန့်ကို ထိန်းချုပ်နေတာပေါ့။

"သွားလို့ရပြီ"

သာန်ခ အခန်းထဲက ထိုလူယုံထွက်သွားမှ ကုလားထိုင်ကိုကျောမှီချလိုက်သည်။စားပွဲအံဆွဲထဲက ဓာတ်ပုံတစ်ခုကို ထုတ်လိုက်သည်။မျက်ရစ်မရှိပဲ ဖူးဖောင်းနေသော မျက်လုံးလေးကိုမှိတ်ကာ ရယ်နေသော သာန်ခ၏ အချစ်ဆုံး ယောင်္ကျားတစ်ယောက်၏ပုံ။

"ညီ သိလား ။ကိုတို့သားကလေ ညီနဲ့အရမ်းတူလို့ ခေါင်းမာနေတာ။ညီ့ကို ကိုအရမ်းသတိရနေတာ ညီသိရဲ့လား။အခုဆို ညီ့သားက ကို့စကားကိုနားမထောင်တော့ဘူး "

သာန်ခ၏ မျက်ရည်များက အတားအဆီးမဲ့စွာ စီးကျလာသည်။

"ဘာလို့ အစောကြီးလူ့လောကထဲကထွက်သွားရတာလဲ ညီရယ်။ညီ့ ကို ကိုပြောထားတယ်လေ ယောင်္ကျားတစ်ယောက်က ကိုယ်ဝန်ယူတာ အသက်အန္တရာယ်စိုးရိမ် ရတာကို ကိုပြောခဲ့သားပဲ။ဒါကို ကိုမသိအောင် ကိုယ်ဝန်ယူပြီး ဧသာန့်ကို မွေးခဲ့တယ်။လူ့လောကကိုစရောက်ကတည်းက ညီ့ကို ဆွဲထုတ်သွားခဲ့တဲ့ ညီ့သားကို ကိုမုန်းတယ်။ဒါပေမယ့် ကို့သွေးသားဖြစ်နေခဲ့တယ်မလား။"

"ကို့မှာလည်းအတ္တတွေရှိပါတယ်"

ငိုကြွေးနေသော အသံတွေက အလုံပိတ်အခန်းထဲမှာ ဟိန်းနေသည်။လူတိုင်းမှာအတ္တကိုယ်စီရှိကြတယ်။
အဲ့သည့်လိုပဲ ဦးသာန်ခအိုရူရဲ့ အတ္တလေးက ဓာတ်ပုံမှန်ဘောင်ထဲမှာ ရယ်မောနေလေရဲ့။

𝐌𝐲 𝐒𝐮𝐠𝐚𝐫 𝐇𝐨𝐧𝐞𝐲 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now