< A little Warning >
တံခါးကိုဖွင့်ရန် လက်ထဲက အိတ်ကို ဘေးသို့ကပ်ကာ တံခါးရှေ့သို့သွားလိုက်ပြီး တံခါးကို ဖွင့်လိုက်သောအခါ အနက်ရောင်ဝတ်စုံပြည့် ခန္ဓာကိုယ်တစ်ခုက ဧသာန်ကိုယ်ပေါ်သို့အုပ်မိုးကာ ကျလာသည်။
မထင်မှတ်စွာ ရပ်တန့်နေချိန် စူးရှသော အနမ်း ပြင်းရှရှက ဧသာန့် နှုတ်ခမ်းတွေဆီကို တစိုက်မတ်မတ် ဦးတည်လျှက်။
ထိန်းချုပ်ထားသော လက်နှစ်ဖက်ကဧသာန့် ၏ခါးနှင့် လည်းပင်းဆီမှာ ။ကျောပြင်ကို ထုရိုက်နေသော်လည်း ထိုရမ်းကားသူက တစ်ချက်ကလေးမှ အသံထွက်မလာ။
"အွန့် "
တိတ်ဆိတ်ကာမှောင်မဲနေသောအခန်းထဲတွင် အသက်ပြင်းပြင်းရှုသံနှင့်အတူ အနမ်းတို့၏ သက်သေခံသော အသံတို့က ထွက်ပေါ်လာသည်။တံခါးကို ကပ်နေသော ဧသာန်က လုံးဝလှုပ်ရှားမရသော အခြေအနေတွင်သာရှိနေသည်။
ထိုစဉ် ဧသာန် နှာခေါင်းထဲသို့တိုးဝင်လာသော ချွေးရနံ့နှင့်အတူ ရင်းနှီးသော ချွေးရနံ့တစ်ခု။မောင်များလား။ဧသာန် လူမှားနေတာများလား မဝေခွဲတတ်တော့ ချိုမြမြ နှုတ်ခမ်းဆီက အထိအတွေ့တို့က လှိုက်ဖိုစရာ။
အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူနမ်းရှိုက်နေသော အကြင်လူသား၏ကျောပြင်ကျယ်ကို မက်မောစွာ တင်းတင်းကျပ်ကျပ်ဖက်တွယ်လိုက်မိ၏။အနမ်းတွေဟာ လည်း မွတ်သိပ်သထက် မွတ်သိပ်လာပြီး ညိမ့်ညောင်းညက်ညောလာသည်။
ဧသာန် အနမ်းတို့ကို လိုက်ပါစီးမျောလိုက်သောအခါ အနမ်းတို့က ခံတွင်းထဲသို့ ပါ ခရီးဆက်လာလေသည်။ပြင်သစ် အနမ်းလို ယှက်လိမ်နေသော အနမ်းကို ဧသာန် ခံစားနေရ၏။
ဆယ့်ငါးမိနစ်လောက်ကြာသောအခါ ဧသာန်အသက်ရှုမဝဖြစ်လာတာ ကြောင့် ထိုလူသား၏ အောက်နှုတ်ခမ်းကိုဖိကိုက်ချလိုက်သည်။မထင်မှတ်ထားသောကြောင့် ထိုလူသားဆီက အသံထွက်ပေါ်လာလေ၏။
"အာ့"
"ငါအသက်ရှူကြပ်လာပြီ မောင်"
ဧသာန်၏ အသံက မှောင်နေသော အခန်းထဲ၌ မောပန်းစွာထွက်ပေါ်လာသည်။ထိုစဉ် လည်ပင်း၌ ခပ်နွေးနွေး အထိအတွေ့ကိုခံစားလိုက်ရပြီး လည်တိုင်ကို အငယ်မရ နမ်းရှိုက်နေရင်း လည်ပင်းဆီက နာကျင်သော ခံစားမှုကို ဧသာန်ရလိုက်သည်။