MSH 15|U+Z

2K 80 4
                                    

မောင့်စကားတွေကြောင့် ဧသာန်မျက်လုံးတွေသာမက လျှာထွက်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ချင်လာသည်။ကိုယ့်ဘေးနားရောက်နေတာကြာပြီဖြစ်တာတောင် မရိပ်မိ။မောင့်တစ်ယောက်တည်းကို ခေါင်းထဲထည့်ထားတာကြောင့် ‌ဘေးဘီကိုတောင် ဝေ့ဝဲမကြည့်မိခြင်းဖြစ်သည်။

"မောင်ရောက်နေတာ ကြာပြီပေါ့ ။ငါဘာလို့မသိရတာလဲ "

ဧသာန်မောင့်လက်တွေကိုဆော့ကစားရင်း ပြောလိုက်သည်။

"ကို လို့ပြော ။"

မောင်က ကောင်ဆိုးလေးသိရဲ့လား။စကားပြောတာတောင် အဖြစ်သည်းနေတာ။

"အင်း ကိုက မောင်ရောက်နေတာကိုလေ ရိပ်တောင်မရိပ်မိဘူး"

"မအနီရောင်နှင်းဆီရဲ့ကျေးဇူးတွေလေ။အစ်မကို သိပ်ကျေးဇူးတင်တာ "

"မြန်မာပြည်ကိုပြန်ဖို့အစီအစဉ်ရော ရှိလား။"

ဧသာန် လျော့တိလျော့ရဲမေးလိုက်သည်။ဧသာန် မြန်မာပြည်ကို ပြန်သွားဖို့ စိတ်ထင့်နေတုန်း။

"အင်းအခြေအနေအရပဲ။မောင် New Horizonsကနေအပြီးထွက်လာခဲ့တာလေ။ဒီမှာ တခြားအလုပ်လုပ်ပြီး မောင်နဲ့ဟန်နီ တစ်အိုးတစ်အိမ်ထူထောင်ကြမယ်။မောင်စုထားတဲ့ပိုက်ဆံတွေအကုန်လုံးကို ယူလာတယ်သိလား"

ရင်ထဲက လှိုက်လှိုက်လှဲလှဲပြောနေသောမောင့်ကို အသည်းယားစွာ ကြည့်လိုက်သည်။ကြည့်နေရင်း မောင့်ပါးပြင်ကို ဖျတ်ခနဲနမ်းမိလိုက်သည်။

"မွ၊မောင်က တကယ့်ခွေးပေါက်လေးနဲ့တူတာသိလား။ချစ်စရာလေး ဟီး ဒါ့ကြောင့် ကို ချစ်နေရတာ"

"အဲ့ခွေးကကိုက်တတ်တယ်ဗျ။သတိထားနေ"

ဧသာန့်ပါးပြင်ကိုဖျစ်ဆွဲလိုက်သောမောင်က ဧသာန်မျက်လုံးထဲတွင် ဘလင်း ဘလင်းဖြစ်နေသည်။
လုံးဝမထင်မှတ်ထားသော အရာတစ်ခုက မောင်က အတောင်ပံဖွက်ထားသော နတ်သားလေးပင်ဖြစ်နေမလား။

"မောင်ကအတောင်ပံဝှက်ထားတဲ့ နတ်သားလေးထင်တယ်။မောင့် ပါးချိုင့်လေးက ကို့ကို အကြိမ်ကြိမ်ပြုစားနေတာ မောင်သိရဲ့လား"

"မောင်က အတောင်ပံဝှက်ထားတဲ့နတ်သားလေးဆိုရင် ဟန်နီက  အချစ်တွေဖွက်ထားတဲ့ နတ်သူငယ်လေးပေါ့"

𝐌𝐲 𝐒𝐮𝐠𝐚𝐫 𝐇𝐨𝐧𝐞𝐲 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now