အပိုင်း(၁){u+z}

1.1K 46 7
                                    

Unicode

"အားလပ်ရက်မှာခရီးသွားဖို့ ဘယ်နေရာသွားမလဲဆိုတာစဉ်းစားပြီးပြီလား မောင့်အချစ်"

"Omm...ခဏလေးမောင်ရဲ့ Hyuneeစဉ်းစားနေတာ ဒီမှာရှာကြည့်နေတယ် နေဦး"

"သွားဖို့က လိုပါသေးတယ် ဖြည်းဖြည်းချင်းရွေးနော် မောင့်အချစ်သွားရာ မောင်ကလိုက်မှာဗျာ့"

Baekhyunee နဲ့ကျွန်တော်နဲ့ကလက်ထပ်ထားတာ မကြာသေးဘူးလေ။လက်ထပ်ပွဲပြီးကတည်းက ကုမ္ပဏီအလုပ်တွေကမပြတ်သေးတော့ အခုအလုပ်အားရက်မှာ ရက်ရှည်ခရီးလေးလိုက်ပို့ပေးဖို့ Baekhyuneeကိုသွားချင်တဲ့နေရာမေးနေတာပေါ့။‌အခုတော့ ဖုန်းထဲခေါင်းလုံးလုံးလေးနစ်၀င်သွားတဲ့အထိ ခရီးသွားဖို့နေရာရှာနေလေရဲ့။

"မောင် လာပါဦး ဒီ‌နေရာကိုကြည့်ပေးပါဦး"

ထိုးပြတဲ့ဖုန်းလေးကိုကြည့်တော့Baekhyunee ပြတဲ့နေရာက ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့နေရာတစ်ခုလို့ပဲ။အဆောက်အဦးတွေက ‌ရှေးခေတ်လက်ရာတွေပေမယ့် ခမ်းနားနေတုန်း။အဲ့လိုနေရာတွေကလည်း လက်ညိုးထိုးမလွဲအောင်ပဲရှိတယ်။

"Hyunee ကဒီနေရာကိုသွားချင်လို့လား"

"အွန်း...ဒီနေရာပဲ ဒီနေရာမှာတစ်ခုခုက ဆွဲဆောင်နေသလိုပဲ ဒီအဆောက်အဦးတွေက ချွန်ချွန်တွေနဲ့ ဘာမှန်းမသိပေမယ့် သွားကြည့်ချင်တယ် လေ့လာချင်တယ် ရှေးဟောင်းနယ်မြေထင်တယ် မောင်ရဲ့"

"ဘာလို့ ပင်လယ်တွေ တောင်တန်းတွေ မဟုတ်ဘဲ ဒီနေရာကိုလဲ မောင့်အချစ်ရဲ့"

"ပင်လယ်ကလည်း မရောက်ဖူးတာမဟုတ်ဘူးလေ ဘယ်ပင်လယ်သွားသွား ဒေသနဲ့အလှအပကွဲတာပဲရှိတာ တောင်တန်းတွေရှိတဲ့ဆီလည်း ခဏတိုင်းသွားနေတာပဲကို ဒီကိုပဲ လိုက်ပို့ပါ Hyunee သွားချင်တယ်လေ မောင်ရာနော်"

ဒီလိုပါပဲ ကျွန်တော့်ထက် 6လကြီးတဲ့ Baekhyunee ကလိုချင်တာလေးများရှိရင် ဒီလိုလေး ကလေးလေးလိုချွဲပြီးပူဆာတော့ ကျွန်တော် Chanyeollieမှာ ငြင်းဆန်နိုင်စွမ်းတွေ မရှိတော့တာပေါ့။

"ဟုတ်ပါပြီ...မောင့်အချစ်သွားချင်ရင် လိုက်ပို့မှာပေါ့ ဒါပေမယ့် သွားမယ့်နေရာရဲ့လမ်းခရီး၊လည်လို့ပတ်လို့ရတဲ့နေရာလားဆိုတာ စုံစမ်းရဦးမယ်လေ အားလုံးအဆင်ပြေရင်တော့ မောင့်အချစ်သဘောအတိုင်း ဖြစ်စေရပါမယ်နော်"

မောင့်အချစ်သွားရာ ရွှေညာမြေ{Completed}Onde histórias criam vida. Descubra agora