နာရီဝက်လောက်ကြာမှ ဝမ်ရိပေါ်အိပ်ခန်းထဲကိုဝင်လာ၏။ရှောင်ကျန့် အိပ်ချင်ဟန်ဆောင်ရင်း မသိမသာအကဲခတ်ကြည့်ရာ သူအနည်းငယ်ပင်ပန်းနေပုံပေါက်နေသည်။ရုတ်တရက်ကြီးဘာကြောင့်ခုလိုဖြစ်သွားပါသနည်း ရှောင်ကျန့်မေးချင်သည်။ ဒါပေမယ့် ရေချိုးခန်း တုန်းကကိစ္စကြောင့်မျက်နှာချင်း မဆိုင်ချင်တာမို့ သည်အတိုင်းအိပ်ချင်ဟန်ဆောင်လိုက်သည်။
ဝမ်ရိပေါ်ညဝတ်အကျီလဲ ပြီးကုတင်ပေါ်အိပ်လိုက်သည်။ပြီးနောက် အနားမှာအိပ်ပျော်နေသည့် ရှောင်ကျန့်ကို ခါးကနေအသာလေးဆွဲကာ ရင်ခွင်ထဲထည့်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ရင်ခွင်ထဲရောက်သွားသည့်ရှောင်ကျန့်က ချက်ချင်းပင် ရုန်းပစ်လိုက်ချင်ပေမယ့် ရေချိုးခန်းထဲကလို ထူးထူးဆန်းဆန်း အထိတွေ့ကြီးမခံစားရတော့တာကြောင့် စိတ်ချလက်ချ အိပ်လိုက်သည်။
*သူငါ့ကို အမြဲဒီလိုပဲ ဖက်အိပ်နေကြလား ဟီဟီ*
ရှောင်ကျန့်တွေးနေစဉ်မှာပဲ မျက်နှာအနှံ့ကိုအနမ်းဖွဖွလေးတွေကျရောက်လာလေ၏။
ထိုညကရှောင်ကျန့် ရိပေါ်ရဲ့ ရင်ခွင်ထဲမှာ ရင်တွေခုန်ပြီး ညဉ့်နက်မှ အိပ်ပျော်ခဲ့လေသည်။-------
မနက်စာလုပ်နေသူကို အလုပ်သွားရန်ပြင်ဆင်ပြီး အိမ်ပေါ်ထပ်ကဆင်းလာသည့် ရိပေါ်က"ကျန့် ကိုယ်ပြောစရာရှိတယ်"
"ဟုတ် ကိုကို"
"မနက်ဖြန်ကစပြီး ကျန့် hotel မှာအလုပ်မလုပ်နဲ့တော့"
"ဟင်ဘာလို့လဲ ကျန့်ကိုဘာလို့အလုပ်ထုတ်တာလဲ ကျန့်ကိုဒီအတိုင်းပိုက်ဆံပေးမယ်ပြောမလို့လား သူများပိုက်ဆံကို အလကား လက်မခံနိုင်ဘူး"
"ကိုယ်က သူများလား"
ရှောင်ကျန့်ဆိုသည့်စာဖိုမှူးလေးက အဲ့သည်လိုမာနအရမ်းကြီးပါသည်။ဒါပေမယ့်လဲ လတိုင်းသာလစာပေးနေရတာ သူအလုပ်ဆင်းချိန်ကထူးထူးဆန်းဆန်းပါ။ နေ့လည်တိုင်း ရိပေါ်ကိုထမင်းဘူး လာပို့တယ် ဒါပါပဲ ဒါတောင် စိတ်မပါရင် ထမင်းမချက်ချင်တာမို့ တစ်ခါတစ်လေ သူ့ကိုနေ့လည်စာပြန်ဝယ်ကျွေးရသည်။ဝမ်ရိပေါ် သည်အကြောင်းထုတ်ပြောလိုက်လျှင် မာနခဲလေးက စားဖိုဆောင်ထဲကထွက်မှာမဟုတ်ဘဲ သူ့ကိုရွဲ့ပြီးအလုပ် လုပ်မှာသေချာသည်။အဲ့သည်အခါမှ စားဖိုဆောင်မှာ မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးရလိမ့်မည်။