ထမင်းပူပူလေးကို ကြက်သားကြော်ချိုချိုလေးနဲ့ဆို ကိုကိုကအရမ်းကြိုက်တယ်။ဒါကြောင့် ဂရုတစိုက်နဲ့ ကြက်သားတုံးလေးတွေ မတူးသွားအောင် ကျွန်တော်ဂရုစိုက်ကြော်နေမိတယ်။ကိုကိုက Moon Hotel ရဲ့ပိုင်ရှင်တစ်ယောက်။ ကိုကို့ကိုကျွန်တော် နေ့တိုင်းနေ့လည်စာသွားပို့တယ်။ကျွန်တော့်အလုပ်ကတော့ စာဖိုမှူးပါ။ဘယ်သူမှ အလုပ်မခန့်တာမို့ ကိုကို့ Hotel မှာပဲ ကိုကိုက အလုပ်ခန့်ထားတယ်။ ကျွန်တော်က တလွဲစိန်လေးရှောင်ကျန့် ပေါ့။
ကိုကိုကဝမ်ရိပေါ်ကိုကို နဲ့ကျွန်တော်က ချစ်သူတွေဖြစ်တာ တစ်နှစ်ပြည့်ပြီ။ဒီလိုအေးစက်တဲ့ relationship မျိုးကိုလုံးဝအားမရဘူး။ကျွန်တော်လည်း အသက် ၂၅ပြည့်တော့မယ်။ကိုယ်ပိုင်မိသားစုလေးပိုင်ဆိုင်ချင်နေပြီ။ကိုကိုကတော့ ၂၆ နှစ်။သူကအရမ်း အနေတည်ပြီးအေးစက်စက် နိုင်တယ်။ကျွန်တော်တစ်ခါတစ်လေ သူ့အနားကပ်ဖို့တောင် တွန့်ဆုတ်နေမိတယ်။တစ်ခါတစ်လေ မဟုတ်ပါဘူး အမြဲလိုလိုပါပဲ။ကျွန်တော့်ကို ချစ်လားလို့မေးတော့လည်း အင်း တဲ့လေ။အဲ့ဒီ အင်း ဆိုတဲ့စကားလေးတစ်လုံးနဲ့ အားတင်း လာခဲ့တာ ချစ်သူသတ်တမ်း တစ်နှစ်ပြည့်တဲ့အထိပဲပေါ့။
-----
"ကိုကို"
ရုံးခန်းထဲဝင်လာတဲ့ရှောင်ကျန့်အသံကြောင့် ရိပေါ် တစ်ချက်မေ့ာကြည့်လိုက်ပြီး လုပ်လက်စအလုပ်ကိုပြန်လုပ်ကာ..
"ရောက်လာပြီလား"
"ဟုတ်..ကိုကိုကြိုက်တဲ့ ကြက်ကြော်လေးကြော်လာတယ်"
"အင်း ထားခဲ့"
"ကိုကို ဘာပြောဦးမှာလဲ "
"ကိုယ်မအားသေးလို့"