"အီးဟီး ပါပါး ပါပါး"
အိမ်ပေါ်ထပ်မှငိုပြီး ဗိုက်ကလေးနှင့် ဖင်ကလေး တုန်တုန် တုန်တုန်ဖြင့် ပြေးဆင်းလာသည့် ၂နှစ် အရွယ်သားငယ် လေးကို အလုပ်သွားခါနီး ဖြစ်သည့် ဝမ်ရိပေါ်ကဆီကြိုပြီးချီလိုက်လေသည်။
"ပြုတ်ကျဦးမယ် သားသားရာယ် လာပါပါးဆီကို ဘာဖြစ်လို့လဲ"
"ပေါင်းပေါင်းက အရမ်းရိုက်တယ်"
"ဟာ..ဟုတ်ပါရဲ့ တင်ပါးမှာလက်ဝါးရာကြီး ဒီပေါင်းပေါင်းက တော်တော်ဆိုးနေပါလား"
သား၏တင်ပါးက လက်ဝါးရာကြောင့် ဝမ်ရိပေါ်စိတ်တိုသွားသည်။
"အငိုတိတ် မလား ငါအခုလာရိုက်ရမလား"
လှေကားထိပ်မှ ခါးထောက်ကာရပ်ပြီးအော်လိုက်သည့် ပေါင်းပေါင်း ကိုဝမ်ရိပေါ်မော့ကြည့်လိုက်၏။
တစ်သားမွေးတစ်သွေးလှ ဆိုသည့်အတိုင်း သူ့ပေါင်းပေါင်းလေးက အရင်ကထက် လှသွေးကြွယ်နေသည်။လက်ဖျားလေးတွေနှင့် ပါးလေးတွေက အရောင်ဆိုးစရာမလိုပဲ ရဲတတ်နေပြီး မဆိုသလောက်လေးဝလာကာ ပြည့်ပြည့်လေးဖြစ်နေသည်။ဆံပင်လေးတွေက ဂုတ်နားလောက်ထိကွေးကွေးလေးတွေကျနေပြီး ဘောင်းဘီတိုနှင့်တီရှပ်လေးကို ကလေးလေးသဖွယ်ဝတ်ထားသည်။ အရင်ကလို ပိန်ညှောင်လေးကိုလဲ ချစ်ပေမယ့် အခုလိုပြည့်ပြည့်ဖောင်းဖောင်းလေးကို မြင်တာနှင့်ဆွဲကိုက်ချင်စိတ်ပါပေါက်အောင် အသဲယားပြီး အချစ်ပိုရပြန်သည်။ သူမှာခုနက တိုနေသည့်စိတ်တွေက ဆွဲယူပစ်လိုက်သလို ပျောက်ကွယ်သွားခဲ့ပြီး...*ကလေးဆိုတာလဲ ကြောက်တဲ့သူတစ်ယောက်လောက်ရှိဦးမှပဲ*
"သားသား ကိုပေါင်းပေါင်း ကဘာလို့ရိုက်တာလဲ"
"တားတားက ကားပိစိလေး လိုချင်တာမဝယ်ပေးဘူး ဒီလောက်လေးပဲ ရှိတာ ဒီလောက်လေး"
လက်ကလေး သေးသေးလေးသုံးချောင်းကို ပူးပြီး ချစ်စဖွယ်ပြောနေသည့် သားသားလေးက ပေါင်းပေါင်းနှင့်တစ်ပုံစံထဲပင်။
"ပါပါး ဝယ်ပေးမယ်နော် မငိုနဲ့ အလုပ်ကိုလိုက်ခဲ့"
"ဟေး.."