"ငကျန့်"
"ဘာလဲ"
သူငယ်ချင်းဖြစ်သူ ဖေးဖေးကစောစောစီးစီး အိမ်ကိုရောက်လာတာကြောင့် ရှောင်ကျန့်မျက်စောင်းထိုးကာ မျက်နှာလွှဲလိုက်သည်။အကြောင်းမှာ သူမလာပြီဆိုလျှင် သူမရည်းစားက ဘယ်လောက်သူမကိုချစ်တာ ဘယ်လိုတွေ ro တတ်တာဆိုတာတွေပဲ အမြဲပြောလေ့ ကြွားလေ့ရှိတာကြောင့် ရှောင်ကျန့်နားမထောင်ချင်ပေ။ဒါပေမယ့် ပြောမနာဆိုမနာ ငယ်သူငယ်ချင်းဖြစ်တာကြောင့် မည်သို့မှမောင်းထုတ်၍မရပေ။
"စောစောစီးစီး ဘာလာလုပ်တာလဲ"
"ဟဲ့သားရာယ် သူငယ်ချင်းကိုအဲ့လိုပြောရလား။သမီး မနက်စာစားသွား"
ရှောင်ကျန့်ရဲ့ခပ်ဆက်ဆက်အပြောကို အမေဖြစ်သူမှ အားနာသွားသည်။
"ဟုတ်ကဲ့ အန်တီ ဟီးဟီး"
"မျက်နှာပိုးကိုက"
"ဟဲ့ ငါနင့်ကိုပြောစရာရှိတယ် ငါ့ချစ်သူက ငါ့ကိုမနေ့က လက်စွပ်ဝယ်ပေးတယ် ဒီမာကျန်း"
ဖေးဖေးကသူ့လက်ညိုးက ကျောက်အနီရောင်ဖြင့်လုပ်ထားသည့် လက်စွပ်လေးကိုပြလာတော့ ရှောင်ကျန့်မျက်ဝန်းလေးဖျက်ကနဲလက်သွားသည်။
"နင့်လူကြီးက နင့်ကိုဒါမျိုးတွေမပေးဘူးမဟုတ်လား"
"သူမအားလို့"
" ဟားဟား နင်သိလား ငါလုံးဝ စပရိုက် တိုက်ခံလိုက်ရတာ။ဝမ်းသာလွန်းလို့သေတော့မယ် နင်ခံစားဖူးလား အဲ့ခံစားချက်"
"ငါမနက်စာစားတော့မယ်"
ရှောင်ကျန့်နည်းနည်းဝမ်းနည်းမိသည်။ဝမ်ရိပေါ်ကသူ့အတွက် လက်ဆောင်ဆိုတာမျိုးတစ်ခါမှမပေးခဲ့။သူများအတွဲတွေလိုမျိုး တီတီတူးလုပ်ပြီး လျှေက်သွားလျှောက်စားတာမျိုးလည်းမလုပ်ပေ။
---------
ရိပေါ်ရုံးခန်းထဲမှာထိုင်နေစဉ်..
"ကိုကို"
"အော် ကျန့် လာအလုပ်ပြီးသွားတာနဲ့အတော်ပဲ"
"ဟင် တကယ်လား"
"နာရီဝက်ပြီးရင်တော့ ကိုယ်သွားစရာရှိသေးတယ်။"
ရှောင်ကျန့်မသိမသာ နှုတ်ခမ်းလေးဆူသွားသည်။