8

3.9K 328 10
                                    

လမ်းခွဲလိုက်လျှင် အဆင်ပြေသွားမည်ထင်ခဲ့ပေမယ့် ရှောင်ကျန့်တစ်ချိန်လုံးမျက်ရည် စလက်ဖြစ်နေ၏။
သူဖုန်းကိုဖွင့်ကြည့်ပြီး ရိပေါ်နှင့်ပို့ခဲ့သည့် အစောင် ၂၀ ပင်မပြည့်သော Message တွေကိုဖွင့်ကြည့်မိနေသည်။

'ကိုယ်ဒီနေ့ မအားလို့နော်'

'ကိုကို ငွေထည့်ပေးထားတာရောက်လား'

'မနက်ဖြန် xxx ဆိုင်မှာကိုယ်မှာ‌ပေး ထားတဲ့ဟာ သွားစားလိုက်ဦး နောက်တစ်ခါတော့အတူသွားစားမယ်'

'ကိုယ်မကြိုက်ဘူးနော်'

'အပေါစားတွေလျှောက်မဝတ်နဲ့'

အပေါ်စားတွေလျှောက်မဝတ်နဲ့ ဆိုသည့်စာလေးဖတ်ပြီးနောက် သူတစ်ခုခုကို သတိရသွားသည်။

အဲ့သည်နေ့က ဖေးဖေးနှင့်အတူ မုန့်သွားစားရင်း ဆွဲကြိုးလေးလှလို့ လမ်းဘေးဆိုင်ကနေ ဝယ်ဝတ်လာရာ ရိပေါ်ကတွေ့သွားပြီး....

"အဲ့တာ ဘယ်ကလဲ"

"လမ်းမှာတွေ့တာ လှလို့ဝယ်...အ"

စကားမဆုံးခင် လည်ပင်းကဆွဲကြိုးကိုအဖြုတ်ခံလိုက်ရသည်။ပြီးနောက်..

"နောက်တစ်ခါကိုယ်ပေါ်မှာ အဲ့သည်လိုအဖိုးမတန်တာတွေ မမြင်စေချင်ဘူး"

"ကိုကိုကလဲ ကိုယ်တန်ဖိုးထားရင် တန်ဖိုးရှိတာပဲ"

"အဲ့တာ ရွေးခြယ်စရာမရှိတဲ့ လူတွေရဲ့လက်သုံးစကား ၊ အဲ့ဒီလိုတွေးနေရင် ကိုယ်မင်းအတွက် အပင်ပန်းခံပြီးငွေရှာနေစရာမလိုဘူး"

*ဟွန်း ဘယ်သူကရှာခိုင်းနေလို့လဲ*

အဲ့သည်နေ့ပြီးတော့ နောက်တစ်နေ့မှာ သူ့လည်တိုင်ပေါ်ကို ဆွဲကြိုးသေးသေးဆလးတစ်ကုံးနေရာခဲ့သည်။သေးသေးလေးဆိုပေမယ့် သေချာတယ် အရမ်းဈေးကြီးမယ်ဆိုတာပင်။

-----
ငွေရှာနိုင်တဲ့ သူဌေးကို လက်လွှတ်လိုက်ရလို့လား ချစ်သူကိုဆုံးရှုံးလိုက်ရလို့လား ရှောင်ကျန့် စိတ်တွေမွန်းကျပ်ကာ ငိုနေမိသည်။

ထိုစဉ် လီဖန်းဆီမှ ဖုန်းဝင်လာရာ..

"ဟဲလို ကျန့်  xxxbar ကိုလာခဲ့နော်"

You're My Precious || Completed ||حيث تعيش القصص. اكتشف الآن