ဝမ်ရိပေါ်အလုပ်ကပြန်လာပြီးအိမ်ထဲဝင်လိုက်စဉ် ဧည့်ခန်းမှာထိုင်နေသည့် ရှောင်ကျန့်အမေနှင့်သားဖြစ်သူကိုတွေ့လိုက်ရပြီး အိမ်ထဲကြည့်လိုက်တော့ စကတ်အရှည်နှင့်ကောင်မလေးက အဝတ်ခြင်းတောင်းကိုင်ပြီး ရေချိုးခန်းထဲဝင်သွားတာတွေ့လိုက်ရသဖြင့်..
"မား အိမ်အကူခေါ်ထားတာလား"
"အော် သားပြန်လာပြီလား။ အိမ်အကူမခေါ်ထားပါဘူး ဘာဖြစ်လို့လဲ"
"ဟို မိန်းကလေးတစ်ယောက်ရေချိုးခန်းထဲဝင်သွားတာတွေ့လိုက်လို့..ဖေးဖေးလား"
"အော် ဘယ်သူရှိမလဲ မင်းရဲ့ယောက်ျားလေ မနက်ကတည်းက စကတ်ကြီးတကားကားနဲ့ ဘာအရူးထနေပြန်ပြီလဲမသိဘူး"
"ဘယ်လို!"
"မနက်စောစော ဈေးသွားပြီး စကတ်တွေ ကလစ်တွေသွားဝယ်လာတယ်ဟေ့ ငါ့နှယ် "
"မပြောပါနဲ့ သူမှာကိုယ်ဝန်နဲ့မို့ သွေးသားပြောင်းလဲတာတွေဖြစ်တာပါ"
"ဘာ ကိုယ်ဝန်"
"မား မသိသေးဘူးလား"
"မနက်ဖြန်ငါ့မြေးကိုခေါ်ပြီး ငါ့အိမ်မှာပဲသွားနေတော့မယ် မင်းပဲသူ့ကိုထိန်းထားလိုက်တော့"
"ဟုတ်"
ခနတော့ရေချိုးခန်းထဲကထွက်လာသူက သူ့ကိုတစ်ချက်ကြည့်ပြီး အဝတ်ခြင်းပိုက်ကာအိမ်ပေါ်ထပ်ကိုတက်သွားလေသည်။
အခုမှသူ့ကိုသေချာကြည့်မိတာ ဘီးကုတ်လေးပါတပ်ထားသေးသည်။ သူကတစ်ဖက်ကိုလှည့်ပြီး အဝတ်တွေကိုတလှုပ်လှုပ် လှန်းနေစဉ် ဝမ်ရိပေါ်ကအနောက်မှ ဖတ်လိုက်ပြီး နားထင်လေးကိုနမ်းကာ.."ကိုယ်ပြန်လာတာကို နုတ်မဆက်ဘူးလား"
နားထဲကိုတိုးတိုးလေးဝင်လာသည့် လေနွေးနွေးကြောင့် ရှောင်ကျန့် လန့်သွားကာတွန်းထုတ်လိုက်သည်။
"မပြောမဆိုနဲ့ လူကိုလန့်အောင် လုပ်နေတာလား"
"အာ လန့်သွားတာလား "
ရှောင်ကျန့်က သူ့ကိုမျက်စောင်းလေးထိုးပြီးအဝတ်တွေပြန်လှန်းနေတော့ ရိပေါ်ခေါင်းလကုတ်ပြီး ဘာပြောလို့ပြောရမှန်းမသိဖြစ်နေရာမှ..