13

4.5K 315 3
                                    


"မင်း မင်းဘာလုပ်တာလဲ"

"ခင်ဗျားကရော ကျုပ်ဝန်ထမ်းကိုဘာလုပ်တာလဲ"

ရှောင်ကျန့်အသက်၅၀အရွယ်အမျိုးသမီးကို ဆံပင်စောင့်ဆွဲလိုက်သဖြင့် ဖြစ်ပေါ်လာသော ရန်ပွဲဖြစ်သည်။

"မင်းမမြင်ဘူးလား ငါ့ရဲ့အကောင်းစားအကျီပေါ် ဝိုင်တွေဖိတ်ကုန်တာ"

"အဲ့တာ လက်ပါစရာမလိုဘူး ခင်ဗျားကောင်းကောင်းပြောလို့ရတယ်"

"Customer right ဆိုတဲ့ ‌‌ ဆောင်ပုဒ်ကိုမင်းတို့ Hotel ကမကျင့်သုံးဘူးလား"

"အဲ့တာမှန်ကန်တဲ့ customerတွေအတွက်ပဲ"

"မင်းငါ့ဆံပင်ကိုဆွဲတယ် ငါဘယ်သူလဲမင်းမသိသေးဘူးထင်တယ်"

"သိတော့ရော ဘာလုပ်ရမှာလဲ ဘာလုပ်ရမှာလဲ"

--------

"Boss လုပ်ပါဦး"

အလောတကြီးပြေးဝင်လာသည့် မန်နေဂျာကောင်မလေးကြောင့် ရိပေါ်မျက်လုံးတွေပင့်တင်ကာကြည့်လိုက်ရာ..

"ဘာဖြစ်လို့လဲ"

"အောက်ထပ်မှာ အစ်ကိုလေးနဲ့ customer ..."

ဝမ်ရိပေါ်ဆက်နား‌မထောင်ပဲ အမြန်ပြေးဆင်းသွားခဲ့ရာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒေါသအတောင့် လိုက်ထွက်သွားသည်။အသက် ၅၀အရွယ်မိန်းမကြီးက ရှောင်ကျန့်ဆံပင်တွေကို ဆွဲထားပြီး ရှောင်ကျန့် မှာတော့ကြမ်းပြင်မှာပုံလျှက်သားလေးဖြစ်နေသည်။

"အဲ့တာဘာလုပ်နေတာလဲ"

ဝမ်ရိပေါ်၏ အော်သံကြားတော့ ထိုမိန်းမရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး လှည့်ကြည့်လာကာ ရှောင်ကျန့်က ငိုယိုကာထလာသည်။

"အီး ဟီး ကိုကို အရမ်းနာတယ်"

ထိုအမျိုးသမီးကတော့ဆံပင်စုပ်ဖွားဖြစ်‌ နေပြီး ရှောင်ကျန့်ကိုပါးစပ်အဟောင်းသားဖြင့်ကြည့်နေသည်။‌ ထိုကောင်လေးက ဝမ်ရိပေါ်ရောက်လာမှ တမင်တကာထိုင်ချလိုက်ခြင်း ဖြစ်ပြီးဆံပင်ကိုအဆွဲခံလိုက်ရတာကြောင့်ပင်။

"ခင်ဗျားဘာလုပ်တာလဲ"

"ကိုကို သူကျွန်တော့်ဆံပင်ကိုဆွဲတယ် ဟင့်"

You're My Precious || Completed ||Where stories live. Discover now