လက်ထပ်ထားတာ နှစ်ပတ် ပြည့်တော့မှာဖြစ်ပေမယ့် မနက်ကတည်းက အလုပ်သွားပြီ ညနေမှပြန်လာသည့် ခင်ပွန်းဖြစ်သူကြောင့် ရှောင်ကျန့် တစ် နေကုန်အိမ်မှာပျင်းနေသည်။အိပ်လိုက်စားလိုက်လုပ်လွန်း သဖြင့် ပါးတောင်အနည်းငယ်ဖေါင်းလာတာကြောင့် မှန်ထဲမှာ အလိုမကျစွကြည့်ရင်းရေရွတ်နေ၏။
"ဒုက္ခပါပဲ ဝတုတ်ကြီးဖြစ်သွားရင် ငါ့ယောက်ျား စိတ်ကုန်သွား တော့မှာပဲ"
ထိုစဉ်..
"ငကျန့်"
"အော်ရောက်လာပြီလား စပ်စလူးမ"
ရှောင်ကျန့် တစ်ယောက်တည်းဖြစ်နေသည်မို့ ဖေးဖေးက အချိန်ပိုင်းအလုပ်ကအပြန် အဖော်လာလုပ်ပေးတတ်သည်။ ဒါပေမယ့် ညနေပိုင်းရိပေါ်ပြန်လာသည့် အချိန်ထိ တော့ရှောင်ကျန့်မထားပေ။
"ဟဲ့ စပိုက်တာမန်းကား အသစ်ထွက်တယ် နင့်ဆီမှာရှိပြီလား"
"မေးစရာလိုသေးလို့လား ငါ့ဆီမှာဘာမဆိုရှိတယ်"
"အေးပေါ့လေ သူဌေးကြီး တစ်ယောက်လုံးကိုရထားတာဆိုတော့လည်း...ဘာလို့များ ငါနဲ့အရင်မတွေ့ရတာလဲ".
"ဘာကိုလဲ"
"ဟင်း ဘာမှမဟုတ်ပါဘူး"
ရှောင်ကျန့်က ငါသိတယ်နော်ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်ရာ ဖေးဖေးက TV ရှေ့သွားပြီး TV ဖွင့်ဖို့လုပ်လေသည်။
Delivery ဖြင့်မုန့်တွေစုံနေအောင်မှာ ပြီးTV ကြည့်နေစဉ်...
"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် အားလုံးအဆင်ပြေအောင် လုပ်ပေးပါမယ် ဟုတ်ကဲ့"
ဝမ်ရိပေါ်ကအိမ်ထဲကို ဖုန်းပြောရင်းဝင်လာတာကြောင့် ရှောင်ကျန့်မျက်လုံးပြူးသွားသည်။
*အစောကြီးပဲ ဒီအချိန်ပြန်မလာဖူးပါဘူး*
ရိပေါ်ကဖုန်းပြောနေရင်း သူ့တို့ကိုတစ်ချက်ကြည့်ကာ အိမ်ပေါ်ထပ်သို့တတ်သွားသောအခါ..
"ကျန့် နင့်ယောက်ျား ကိုငါအခုမှ အနီးကပ်တွေ့ဖူးတယ် ချောလိုက်တာ"
ဖေးဖေးက ပြောပြောဆိုဆို သူမဆံပင်တွေကို နောက်သို့ဖြန့်ချပြီး ပုခုံးသားလေးတွေပေါ်အောင်လုပ်လိုက်သည်။ပြီးနောက် စကတ်လေးကို အပေါ်နဲနဲဆွဲတင်ပြီး ခြေထောက်လေးကို ချိန်ကာထိုင်လျှက်ခါးလေး ကော့ထားလိုက်၏။ထိုသို့အပြုမူကို ရှောင်ကျန့်တစ်ယောက် မျက်လုံးပြူးကာကြည့်ပြီး..