⟪1⟫

9.9K 493 2
                                    

ပထမဆုံးအနေနဲ့ ငါ အဲ့အတွင်းခံကို ခိုးခဲ့လားဆိုတာ မင်းအရမ်းသိချင်နေမှာပဲ။

ငါ ဝန်ခံပါတယ် ငါ အဲ့ဒါကို ယူခဲ့မိတယ်။

ငါ ယူပဲယူခဲ့မိတာ အဲ့ဒါကို မခိုးခဲ့ဘူး!

ဒီဟာက ငါ့ကို အစကနေ အဆုံးထိ ဘာပြောရမှန်းမသိအောင် ဖြစ်သွားစေတဲ့ အဖြစ်အပျက်တစ်ခုပဲ!

အခြေအနေက ဒီလိုမျိုး ဖြစ်ပျက်သွားခဲ့တယ်...

မကြာသေးခင်က ငါ ဝိတ်ချဖို့ ကြိုးစားနေခဲ့တယ်။ ငါ နေ့တိုင်း ပြေးတယ်၊ ကြိုးခုန်တယ် ပြီးတော့ အေရိုးဗစ်လုပ်ဖို့အတွက်တောင် သွားခဲ့သေးတယ်။

ငါနဲ့ အတူတူ ဝိတ်လျှော့နေခဲ့တဲ့ သူငယ်ချင်းက ပြောလာတယ် :

“ ရေကူးတာက ကိုယ်အလေးချိန် လျှော့ချဖို့ တော်တော်လေး အကူအညီဖြစ်စေတယ်‌။ ငါတို့ အားတဲ့ခါကျ ကျောင်းက ရေကူးခန်းမကို သွားလို့ရတယ်။ အလုပ်လုပ်တဲ့ ရက်တစ်ရက်*သာ သွားဖို့ ရွေးလိုက်။ လူလည်း အဲ့လောက် အများကြီး မရှိဘူး။ ပြီးတော့ ရေကူးသင်ပေးမယ့် အားကစား ဆရာ/ဆရာမတွေလည်း ရှိတယ် ”

ရေမကူးတတ်တဲ့ သူတစ်ယောက်အနေနဲ့ ငါ အဆွယ်ခံလိုက်ရတယ်လေ။

ရေကူးကိရိယာ အမျိုးအစားအားလုံးကို ပြင်ဆင်ပြီးနောက်မှာတော့ ငါသတ္တိမွေးလိုက်ပြီး ရေကူးခန်းမထဲကို ခြေချလိုက်တယ်။

ရေကူးခန်းမက တကယ့်ကိုပဲ အင်္ဂါနေ့မှာ လူမရှိ‌နေဘူး။

ငါ တံခါးနားမှာ ရှိတဲ့ ဆရာကို မေးလိုက်တယ်
“ မိန်းကလေးလော်ကာခန်းက ဘယ်နားမှာလဲ? ”

ဆရာက သူ့ဖုန်းကို ငုံ့ကြည့်နေရင်းနဲ့ ဂရုမစိုက်ဘဲ ဖြစ်သလို ညွှန်ပြတယ် “ ဟို‌မှာ ”

ဟိုနား? ဘယ်နားလဲ?

ဟိုနားမှာ တံခါးရှိဝာာလား?

ငါ‌ ပြောဖို့ မေ့သွားတယ် ငါက 800 Degrees ရှိတဲ့ အဝေးမှုန်။

အစကတော့ ဒီနေ့ မျက်ကပ်မှန် တပ်ခဲ့တာပဲ။
ဒါပေမယ့် မျက်လုံးထဲ အကောင်ဝင်သွားတာနဲ့ ငါ မျက်လုံးကို ပွတ်နေရင်းက မျက်ကပ်မှန်ကိုပါ ပွတ်လိုက်မိတယ်။

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now