⟪46⟫

4.2K 437 9
                                    

ငါ့ရဲ့ ဒဏ္ဍာရီဆန်လှတဲ့ အတွေ့အကြုံကြီးက
“ လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ ကျောင်းရဲ့ ကောင်ချောလေးက ငါ့အပေါ် ဘယ်လိုတောင် ကြွေကျသွားကြောင်း ” ဒါမှမဟုတ်ရင်လည်း “ အတွင်းခံတစ်စုံကြောင့် ပေါက်ဖွားလာသော အချစ် ” ဆိုပြီး စာအုပ်တစ်အုပ်အနေနဲ့တောင် ရေးလို့ရလောက်တယ်လို့ ငါ ခံစားရတယ်။

ဒီလိုနဲ့ပဲ ငါက ရှန်းချောင်ဝေရဲ့ ကောင်မလေး ဖြစ်လာခဲ့တာပေါ့?

ငါ ရှော့ရနေခဲ့ပြီး ကျိချောင် ငါ့ကို လာမရှာခင်အထိ အချိန် အတော်ကြာ မတုံ့ပြန်နိုင်ခဲ့ဘူး။

သူက မေးတယ် : “ ယင်းယင် မင်း ချောင်ဝေကို သူ ဘာလို့ မင်းကို ကြိုက်တာလဲ ဆိုတာ မေးပြီးပြီလား? ”

ငါ့ခေါင်းကို ယမ်းလိုက်တယ် : “ ဟင့်အင်း ”

ကျိချောင်က ငါ့ကို အသာ ပုတ်ရင်း : “ မင်းက
တကယ့်ကို တုံးအတဲ့သူပဲ။ ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စကိုတောင် မမေးဘဲ နေနိုင်ရတာလဲ! ”

ငါ : ......

အဲ့တာနဲ့ပဲ ငါ ပြေးပြီး မေးလိုက်တယ်။

ငါ့မေးခွန်းကို ကြားပြီးတဲ့နောက်မှာ ရှန်းချောင်ဝေ ငါ့ကို ကြည့်တယ် သူ့အသံထဲမှာ အပြုံးတစ်ပွင့်နဲ့ :
“ တကယ်တော့ ကိုယ် မင်းကို အရင်က တွေ့ဖူးတယ် ”

“ ဘယ်တုန်းကလဲ? ”

ရှန်းချောင်ဝေက ငါ့ကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး ပုံပြင်အရှည်ကြီးကို ပြောပြလာတယ်။

သူ ပြောတာက ပထမဆုံးအကြိမ် သူ ငါ့ကို တွေ့ဖူးတာက ပထမနှစ်ကုန်ခါနီးမှာ။

အဲ့အချိန်တုန်းက သူ စာလေ့လာဖို့ စာသင်ခန်းထဲကို သွားတော့ စာဖတ်ရင်းနဲ့ ငိုနေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။

သူမက ငိုနေပေမယ့်လည်း သူမက အလွန်ကို လေးနက်နေတယ်။

မတတ်နိုင်ဘဲ အဲ့ဒီမိန်းမငယ်လေးကို ခဏမျှ သူ စိုက်ကြည့်နေခဲ့မိတယ်။

ရက်ပေါင်းများစွာကြာအောင် အဲ့မိန်းကလေးကို သူ စာသင်ခန်းထဲမှာ ဆက်ပြီး တွေ့နေတုန်းပဲ။

သေချာတာပေါ့ သူမကလည်း စာဖတ်ရင်း ငိုနေဆဲပဲ။

ငါ : ......

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now