ကျိချောင်ဘက်ကနေ လက်ဦးမှုယူပြီး ငါ့ကို WeChat မှာ ဆက်သွယ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။〈 နောက်ဆုံးတစ်ခါ တွေ့တုန်းက ငါတို့ အချင်းချင်း add ခဲ့ကြတာ 〉
ကျိချောင် : အတန်းဖော်ဆွေ့ယင်းယင်း ညနေပိုင်းမှာ အစားတူတူစားဖို့ မင်းမှာ အချိန်ရှိလား?
ခဏကြာတဲ့ထိ ဘယ်လို ပြန်ဖြေရမလဲ ငါ မသိခဲ့ဘူး။
ကျိချောင် : ငါ မင်းနဲ့ အတည်ပြုချင်တာ တစ်ခုရှိလို့
ငါ့နှလုံး ခုန်တက်သွားတယ် လော်ကာခန်းအမှားထဲကို ဝင်လာခဲ့တဲ့ မိန်းကလေးက ငါဆိုတာ သူ သိသွားပြီလား?
ငါသာ ငြင်းလိုက်ရင် သူ Confession Wall မှာ ပို့စ်တင်ပြီး ငါ့ကို ဝေဖန်လောက်လား?
ငါ့ဦးနှောက်ထဲမှာတော့ “ ဆွေ့ယင်းယင်က အတွင်းခံဘောင်းဘီတွေကို ခိုးတဲ့ နှာဘူးအမျိုးသမီး ” ဆိုပြီး ကျောင်းက လူတိုင်းက ဆွေးနွေးနေကြတဲ့ မြင်ကွင်းကိုတောင် စပြီး စိတ်ကူးကြည့်နေမိပြီ။
အဲ့တာကြောင့်မို့ ငါ သတိထားလျက် စာပြန်လိုက်တယ် : အိုခေ...
ကျိချောင်က ငါ့ကို ကျောင်းကန်တင်းမှာ တွေ့ဖို့ ချိန်းတယ်။
သူ ထိုင်ထိုင်ချင်းပဲ တည့်တိုးပြောတော့တယ် : “ ဆွေ့ယင်းယင် အဲ့နေ့က ရေကူးခန်းမထဲမှာ အတွင်းခံကို ခိုးသွားတဲ့ တစ်ယောက်က မင်း ဟုတ်တယ်မလား? ”
ငါ သူ့မျက်နှာကို ပါးစပ်အပြည့် ရေနဲ့ ဖျန်းလိုက်တယ်။
ငါ : ......
ငါ တစ်ရှူးအချို့ကို အလျင်စလို ထုတ်ပြီး သူ့မျက်နှာကို သုတ်ပေးလိုက်တယ် : “ ငါ တောင်းပန်ပါတယ် ငါ တောင်းပန်ပါတယ်! ”
လုံးဝသိသာနေတဲ့ ရှုံးနိမ့်မှု အပြီးမှာတောင် ငါ လက်မလျှော့သေးဘဲ : “ အဲ့ဒါ ငါ မဟုတ်ဘူး! ”
ကျိချောင် : “ အဲ့ဒါ မင်း ”
ငါ : ......
အစ်ကိုရေ နင် အဲ့လောက် သေချာနေရင်လည်း ဘာလို့ ငါ့ကို လာပြီး မေးနေသေးလဲ?
ကျိချောင်ကြောင့် တစ်ကျောင်းလုံး ရှေ့မှောက် Confession Wall မှာ အတွင်းခံ ခိုးတဲ့ အမျိုးသမီးနှာဘူးအဖြစ် ငါ ဖော်ထုတ်ခံရဖို့ ပြင်ဆင်ပြီးတဲ့ အချိန်မှာပဲ ကျိချောင်က ထရယ်တယ် : “ မမျှော်လင့်ဘဲ ချောင်ဝေအပေါ်ထားတဲ့ မင်းရဲ့ အချစ်တွေက နှာဘူး level ရောက်အောင်ထိ ပျက်ယွင်းသွားတာကိုး ”
YOU ARE READING
အတွင်းခံတစ်စုံမှအစပြု၍
Short Story𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的爱情 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖠𝗎𝗍𝗁𝗈𝗋 : 魔王桑桑 𝖤𝗇𝗀𝗅𝗂𝗌𝗁 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗈𝗋 : 𝖲𝖾𝖼𝗈𝗇𝖽 𝖫𝗂𝖿𝖾...