⟪7⟫

3.7K 369 0
                                    

ရှန်းချောင်ဝေကို delete ပြီးနောက်မှာတော့ ငါးမိနစ်လုံးလုံး ငါ ကျက်သေသေနေမိတယ်။ အဲ့ဒီနောက် ဗီရိုထဲက Makeup Case ထဲမှာ ရှိတဲ့ ပလတ်စတစ်အိတ်ထဲက အဝတ်အိတ်အသေးလေးကို ဖွင့်လိုက်ပြီး အိတ်ရဲ့ အောက်ခြေမှာ မြုပ်ထည့်ထားတဲ့ အတွင်းခံကို စိုက်ကြည့်လိုက်တယ်။

F*ck ငါ တကယ့်ကို ကျောင်းက ဆွဲဆောင်မှုအရှိဆုံး ကောင်လေးရဲ့ အတွင်းခံကို ယူခဲ့မိတာပဲ!

ခဏ ဒီအတွင်းခံက မဝတ်ရသေးတဲ့ ဟာလား ဒါမှမဟုတ် သူ့ရဲ့ အနံ့အသက်တွေ စွဲထင်နေသေးတုန်းလား?

အတွင်းခံတစ်စုံမှအစပြု၍ Donde viven las historias. Descúbrelo ahora