ငိုတာက ငိုတာပဲ ပေါက်ကွဲတာက ပေါက်ကွဲတာပဲ ငါ ပြေးတဲ့ဆီ အတွင်းခံကို ယူသွားမှ ရမယ်။
F*ck အဲ့ဒါက ကာရံတောင် ညီနေလိုက်သေး။
နေ့လယ်ခင်းမှာတော့ အတွင်းခံထည့်ထားတဲ့ အဝတ်အိတ်အသေးလေးကို ငါ့ရဲ့ ကျောင်းလွယ်အိတ်ထဲ တိတ်တိတ်လေး သွတ်ထည့်လိုက်တယ်။ ငါ့ဟာငါ အပြည့်အစုံ ပြင်ဆင်ပြီးပြီဆိုတာနဲ့ အတန်းစခါနီးဆဲဆဲမှာပဲ ဟောပြောပွဲခန်းမကို ပြေးသွားခဲ့တယ်။
ရှောင်ကျန်းက ငါ့ကို လက်လှမ်းပြရင်းနဲ့ “ ယင်းယင် ငါ ဒီမှာ ”
ငါ့ရဲ့ ဦးထုပ်အစွန်းကို ငိုက်ချလိုက်ပြီး ရှောင်ကျန်းဆီကို သူခိုးတစ်ယောက်လို ပြေးသွားလိုက်တယ်။
ထိုင်ချပြီးတဲ့နောက် ငါ အသက်ကို ပြင်းပြင်း ရှူလိုက်တယ်။
ဒီထိုင်ခုံနေရာက အခန်းရဲ့ အလယ်မှာ ရှိတယ်။ ငါ ဘယ်ဘက်ကို လှည့်ကြည့်တယ် ရှန်းချောင်ဝေကို
မတွေ့ဘူး ; ငါ ညာဘက်ကို လှည့်ကြည့်တယ်
ရှန်းချောင်ဝေကို မတွေ့ပြန်ဘူး။ငါ : ? ? ?
ငါတို့နဲ့ အတူတူ ဒီအတန်းကို တက်မယ်လို့ သူ
မပြောခဲ့ဘူးလား? သူ ငါ့ကို ပျက်ရယ်ပြုနေတာလား?အဲ့အချိန်မှာပဲ ငါ WeChat ကနေ message တစ်စောင် ရတယ်။
ရှန်းချောင်ဝေ : အတန်းဖော်ဆွေ့ယင်းယင် မင်း
ထပ်ပြီး မျက်မှန် မတပ်လာပြန်ဘူးငါ ဝေခွဲမရ ဖြစ်သွားတယ်။
ငါ : ငါ ဝတ်ခဲ့ပါတယ် မျက်ကပ်မှန်တွေလေ
ရှန်းချောင်ဝေ : ......
ရှန်းချောင်ဝေ : ဒါဆိုလည်း မင်းရဲ့ အမြင်အားကို နောက်တစ်ခါ သွားစစ်ဖို့ ကိုယ် အကြံပြုချင်တယ် Degree တိုးရင် တိုးနေလောက်တယ်
F*ck ငါ့ရဲ့ မျက်ကပ်မှန်တွေမှာပါတဲ့ Degrees တွေက လုံလောက်အောင် မမြင့်မှန်း သူ ဘယ်လိုသိလဲ?
မနှစ်တုန်းက ဇွန် 18 ( 18th of June* ) မှာ ချတဲ့ လျှော့ဈေးတွေက တန်လွန်အားကြီးတာမို့
မမျှော်လင့်ဘဲ ငါ အများကြီး ဝယ်မိသွားတာကနေ အခုထိ အဲ့ဒါတွေကို သုံးလို့ မကုန်နိုင်သေးဘူး။ငါ့အပေါ်မှာ လှည့်ကွက်တွေ ကစားတာနဲ့ ပတ်သတ်ပြီး သူ့ကို ဘယ်လို ကျက်သရေရှိရှိ ရှောင်ရှားရမလဲဆိုတာ စဉ်းစားနေတုန်း ရုတ်တရက် ရှောင်ကျန်းက ငါ့ကို လှုပ်ရမ်းလိုက်တယ်။
သူမက စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောတယ် “ ယင်းယင် အဲ့ဒါ ရှန်းချောင်ဝေလို့ နင်ထင်လား? သူ ငါတို့ဘက်ကို စိုက်ကြည့်နေတယ်! ”
“ ဘယ်မှာလဲ? ”
“ နင့်အနောက်ဘက်က ညာဘက်မှာရှိတဲ့ နောက်ဆုံးကနေရေရင် ဒုတိယမြောက်အတန်း ”
ငါ အနောက်ကို တောင့်တောင့်ကြီး လှည့်ကြည့်လိုက်တယ် ဒီနေရာကနေဆို ရှန်းချောင်ဝေ သူရဲ့ ထိုင်ခုံနောက်မှီပေါ် မှီနေရင်းက အဓိပ္ပာယ်ရှိတဲ့ အပြုံးကြီးနဲ့ ကြည့်နေတာကို ငါ မြင်နေရတယ်။
“ ယင်းယင် သူက အရမ်း ချောလွန်းတယ် အရမ်း ချောလွန်းတယ် အရမ်းကို ချောလွန်းတယ်! သူ ဒီဘက်ကိုပဲ ကြည့်ကြည့်နေတာ ငါတို့ကိုများ ကြည့်နေတာလား? သူ ဖြစ်ရမယ်! Ahhhhh!!! ”
Sorry ရှောင်ကျန်း နင်တော့ စိတ်ပျက်ရတော့မယ်။
သူက သူ့အတွင်းခံကို ကြည့်နေတာ။
စိတ်အားထက်သန်စွာနဲ့ကို ကြည့်နေတာ။
━━━━━━━━━━━━━━━━━━━━
wenwen's note :
18th of June - တစ်နည်းအားဖြင့် သူ့ကို 618 Festival လို့လည်းခေါ်ပြီးတော့ တရုတ်မှာ ဒုတိယ နာမည်အကြီးဆုံးနဲ့ အရေးအကြီးဆုံး ဈေးရောင်းပွဲတော်ပါတဲ့ သူက June 1 ရက်ကနေ 18 ရက်နေ့အထိ နှစ်တိုင်း ပြုလုပ်လေ့ရှိပါတယ်တဲ့
YOU ARE READING
အတွင်းခံတစ်စုံမှအစပြု၍
Short Story𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的爱情 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖠𝗎𝗍𝗁𝗈𝗋 : 魔王桑桑 𝖤𝗇𝗀𝗅𝗂𝗌𝗁 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗈𝗋 : 𝖲𝖾𝖼𝗈𝗇𝖽 𝖫𝗂𝖿𝖾...