⟪25⟫

3K 381 0
                                    

အနောက်ဘက်ကန်တင်းမှာ လူ တော်တော်များများ ရှိနေတယ်။

အဲ့တော့ ရှန်းချောင်ဝေမှာ မျက်နှာချောချောလေး ရှိနေလည်း ခဏလောက်တော့ ငါ သူ့ကို ရှာမတွေ့နိုင်ခဲ့ဘူး။

ပတ်ပတ်လည်လည်ကို ဗလာသက်သက် လိုက်ကြည့်နေတုန်း ငါ့ပုခုံးကို လူတစ်‌ယောက် လာပုတ်တယ်။

“ Hi အတန်းဖော် ”

ငါ နောက်လှည့်ကြည့်လိုက်တော့ အဲ့ဒါက ယဉ်ကျေးသိမ်မွေ့ပုံရတဲ့ ကောင်လေးတစ်ယောက်။

သူ့ကြည့်ရတာ နည်းနည်း ရင်းနှီးနေသလိုပဲ အရင်က တစ်နေရာရာမှာ တွေ့ဖူးသလိုလို။

နေဦး......

သေလိုက်ပါတော့ သူက ရေကူးခန်းမထဲမှာ ‘ ချောင်ဝေ ’ ‘ ချောင်ဝေ ’ ဆိုပြီး တစ်ချိန်လုံး ခေါ်နေတဲ့ တစ်ယောက်မလား? !

သူက ငါ လော်ကာခန်းမှားဝင်တာကို မြင်လိုက်တဲ့ သက်သေခံတွေထဲက တစ်ယောက်လည်း ဖြစ်သေးတယ်!

သူ ငါ့ကို အခု ရပ်ခိုင်းလိုက်တယ် ဖြစ်နိုင်တာက...

Boy : “ အတန်းဖော် မင်းကြည့်ရတာ ရင်းနှီးနေသလိုပဲ ”

ငါ : ......

Boy : “ မင်းမှာ အစိမ်းဖျော့ရောင် ဂျာကင် ရှိလား? ”

Ah ကယ်ကြပါ!

Boy : “ အရင်က မင်း ဆံပင်ရှည်လား? ”

သူ ငါ့ကို မှတ်မိသွားပြီလား! ?

အဲ့အကြောင်းကို ပြောနေရင်း ရုတ်တရက် ရပ်လိုက်ပြီးတော့ ထိုသူက သူ့အနောက်မှာရှိတဲ့ ထိုင်စရာဆီကို ညွှန်ပြတယ် : “ မရပ်နဲ့တော့ တစ်နေရာရာမှာ ထိုင်ပြီး စကားပြောရအောင် ”

သူနဲ့ အတူ လိုက်ထိုင်လိုက်ပေမယ့် ငါ့တစ်ကိုယ်လုံးက တောင့်တင်းနေတယ်။

အိပ်ကပ်ထဲက ဖုန်းကလည်း ဆက်တိုက်ကို တုန်ခါနေပြီး ရှန်းချောင်ဝေရဲ့ စိတ်မရှည်မှုကိုပါ ငါ ခံစားမိနှင့်နေပြီ။

ငါ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကောင်လေးက :
“ အတန်းဖော် မင်းနာမည် ဘယ်လို ခေါ်လဲ? ငါ့ကိုယ်ငါ အရင် မိတ်ဆက်ရရင် ငါ့နာမည်က ကျိချောင်ပါ ”

အတွင်းခံတစ်စုံမှအစပြု၍ Hikayelerin yaşadığı yer. Şimdi keşfedin