ကြက်ဖတွန်သံကြားသည်နှင့် တကွ ဂျောင်ကု အိပ်ယာထဲမှ ကုန်းရုန်းကာ ထမိသည်။
ကိစ္စတခုကို တည်ကြည်အေးဆေးစွာပင် လုပ်တက်သော သူသည် ဒီနေ့မှ ဘာလို့ ပြာယာခတ်နေလဲ မသိပါ။
သေချာတာတခုကတော့ ကင်မ်ထယ်ယောင်းဆိုသည့် မင်းသားငယ်ကြောင့်ပင်။
ဒီနေ့ မင်းသားငယ် လိုချင်သည့် ပန်းများကို လိုက်ခူးပေးရမည် မလား?။
တံငါသည် အဖြစ်မှ ပန်းလိုက်ခူးပေးရမဲ့ သူအဖြစ်သို့ ပြောင်းသွားမယ်ဟု မထင်ထားခဲ့ပါ။
ရီကြဲကြဲ အတွေးများကို ရပ်တန့်လိုက်ကာ ရေမိုးချိုးခြင်း လုပ်ငန်းကိုလဲ စတင်ရတော့သည်။"ဂျွန်"
ဂျွန်လို့ ခေါ်တဲ့သူသည် သူ့မင်းသားငယ်တယောက်ပင် တယောက်ပဲ ရှိသည်။
မယုံနိုင်စွာ ကြောင်တောင်တောင်ပင် ရပ်နေမိတုန်း?"အကိုကြီး!!!!ခေါ်နေတာ မကြားဘူးလား ရှိရင်လည်း ထွက်ခဲ့!!!"
စူးရှတဲ့ အသံရှိသော ဒိုမွန်ဆိုသည့် ကလေးမလေး အသံကြားမှ သူ ခြံရှေ့သို့ ကမှန်းကတန်း ထွက်လာခဲ့မိတော့သည်။
သူထွက်လာတာ မြင်တာနဲ့ ပါဝါခြုံထားသည့် မင်းသားငယ်က သူ့ကို ကြောင်တောင်"ပင် ကြည့်နေပီး...ပါးနှစ်ဖက်သည် အနီရောင်လွှမ်းသွားကာ အကြည့်လွဲသည်။
အခု မင်းသားငယ်ကနန်းတော်ထဲကခိုးထွက်ပီး သူ့ကို လာခေါ်တာလား?။"အကိုဂျောင်ကု!!! ပြန်ဝင်!!!"
"အကိုကြီး!!! ဘယ်နှယ့် မင်းသားရှေ့မှာ မသင့်မတော်!!"
"အကိုကြီးရာ သွားလို့"
ကလေးတွေ ကုန်းအော်မှ သတိထားမိတာက သူအပေါ်ပိုင်းဗလာနဲ့ ထွက်လာခဲ့မိတာပဲ!!!
ရှက်စိတ်ကြောင့် အိမ်ထဲကို အပြေးတပိုင်းဝင်မိသည်။
လက်မောင်းတလျှောက်ကနေ လက်ဖျားရှိ ရှိနေသော ဆေးမှင်များ ၊ ယောင်္ကျားပီသစွာ ရှိနေသော အကျောစိမ်းတွေ၊ ထို့နောက် ပေါ်လွင်ထင်ရှားသည့် အမြောင်းများကို သူ့မင်းသားငယ်က မြင်သွားခဲ့တာ...အဲ့ကြောင့် မျက်နှာတခုလုံး အနီရောင်လွှမ်းသွားခဲ့တာ။
ဟာဗျာ..."ဟို... တောင်းပန်ပါတယ် မင်းသား"
"အဆင်ပြေပါတယ် အဟမ်း... လူငယ်လဲ သတိမထားမိလိုက်တာ ရှိမှာပါ"
YOU ARE READING
ပန်း [Complete]
Fanfictionသစ်ကိုင်းထိပ်မှာ ဖူးပွင့်နေတဲ့ ပန်းလေးသည် ခူးဖို့ ခက်ခဲသည်ဆိုပေမဲ့... ထိုပန်းလေးကပင် သူ့ထံ ကြွေကာ ကျဆင်းလာခဲ့သည်။ ခဏတာ ယူဆောင်လာခဲ့ပီး ထိုပန်း မှာထိုက်တန်တဲ့သူ ရှိလာတဲ့အခါ သူလွှတ်ချပေးပါမည်။ #ပန်း