Part 1

1.3K 72 4
                                    

"ရော့ ရပီ နောက်တခါ မခူးခိုင်းနဲ့တော့ အလုပ်ရှုပ်တယ်"

ပြောပီးတာနဲ့ ထိုအပင်ပေါ်က ခုန်ဆင်းလိုက်သည်။
ထိုကလေးများသည် ပေကပ်ကပ်နဲ့ပင် ပြန်မသွားကြသေး။

"နောက်ထပ်နည်း"လောက်ပဲ ထပ်ခူးပေးလို့ မရဘူးလား?"

"မရဘူး သစ်ပင်ပေါ်တက်ရတာ ဘယ်လောက် ခက်ခဲလဲ သိလား?"

"ဟင်း...ပန်းတွေ အများကြီး စုပီး ပေးမလို့ပါဆို"

ထိုအဖွဲ့ထဲက ကလေးမလေးတယောက်သည် ငြီးငြူရင်း ဆိုသည်။

"နေပါဦး မင်းတို့ အရွယ်လေးတွေနဲ့ ဘယ်သူ့ကို ‌ပေးမလို့ ငါ့လာခူးခိုင်းတာလဲ?"

"မင်းသားငယ်လေ နန်းတော်ထဲက မင်းသားငယ်ကို ပေးမလို့ ခူးခိုင်းတာ"

"မင်းတို့ မင်းသားငယ်က စစ်ပွဲကပြန်လာလို့လား?"

"အာ...ဘယ်ကသာ အကိုကြီးကလဲ ဒီလောက် နူးညံ့တဲ့ မင်းသားကို စစ်ပွဲထဲ ဝင်ခိုင်းရတယ်လို့"

"မသိဘူးလေ ငါမှ သူ့ကို မသိတာ"

ဂျောင်ကုဟာ အောက်ခြေလူတန်းစားမို့ နန်းတော်ဆိုသည့် အဆောက်အဦး ကြီးထဲကို ဝင်ဘူးဖို့ နေနေသာသာ အနီးကပ်ပင် မကြည့်ခဲ့ဘူး‌ပေ။
အောက်ခြေလူတန်းစားပေမဲ့ တခြားသူတွေလို ယုတ်ညံ့မနေခဲ့ပါ။
အရိုးသားဆုံးနည်းဖြင့် တံငါသည် အဖြစ်နေထိုင်ကာ ကိုယ့်ဝမ်းကိုယ်ဖြည့်သည်။
တကောင်ကြွက်မလို့ သံယောဇဉ်တွေ ထည့်တွေးစရာမလိုတဲ့ အပူအပင် ကင်းသည့် သူ့ဘဝပင်...။
အတွေးများကို ရပ်တန့်ကာ ဈေးတန်းကိုသာ ထွက်လာခဲ့သည်။

"မင်းသားငယ်လေးက ခိုးထွက်လာပြန်ပီ ထင်တယ်"

"အေ့ဟယ် ကြည့်ဦး လှလိုက်တာ"

ဈေးသည်နှင့် ဈေးဆစ်နေတုန်း ကြားလိုက်ရတဲ့ အသံများနှင့် တွေ့လိုက်ရသော လူအုပ်ကြီး။
ဂျောင်ကုအပြေးအလွှားပင်သွားကြည့်မိသည်။
မင်းသား ဆိုတဲ့ သူကို သူတခါလောက်တော့ မြင်ဘူးချင်သည် မလား??
လူတွေ စုအုံလာလို့ထင် ထိုသူသည် ပဝါကို ခြုံကာ အလျင်အမြန်ပင် ပြေးထွက်သွားသည်။

လူအုပ်ကြီးနှင့်တကွ သူသည်လည်း ယူကြုံးမရဖြစ်နေမိ‌တော့၏။

ပန်း [Complete]Where stories live. Discover now