Part 8

323 44 3
                                    

"ယောင်းငယ်ကို အပြတ်ဖျက်!!!"

"မင်း...မင်းသားဂျောင်ဟို"

"မခေါ်နဲ့!!!ငါ့ နာမည်ကို မင်းခေါ်စရာ အကြောင်း မရှိဘူး!!"

"အချိန်လိုအပ်ပါတယ်..."

အရဲစွန့်၍ပင် ပြောမိသော စကား။
သူပြောလိုက်သည့် စကားနောက်တွင် မင်းသားလီဂျောင်ဟိုသည် လှောင်ရီဖြင့် တဟားဟားပင် အော်ရီ‌နေသည်။

"အချိန်...? ငါ မင်းကို ဒီကို ခေါ်တယ်ဆိုတာက
အဲ့လို အခွင့်အရေးတွေ ပေးနေဖို့ ခေါ်တာ မဟုတ်ဘူး ပီးတော့ ကိုယ့်နေရာကိုယ် သိပါ ဂျွန်ဂျောင်ကု!! မင်းရဲ့ အဆင့်နဲ့ ယောင်းငယ် နဲ့ ဘယ်လိုမှ မအက်စပ်ဘူးဆိုတာ နားလည်မယ်လို့လည်း ထင်တယ်...ယောင်းငယ်ကလဲ မင်းကို ခဏတာ ကစားခဲ့တာပဲ ဖြစ်မှာ"

"..."

မင်းသားပြောသွားသော အေးစက်စက် စကားတွေ ကြားမှာ သူ ပြန်ပြောစရာပင် ပျောက်ဆုံးနေခဲ့သည်။
သူအဆင့် နဲ့ ယောင်း? သူ ဒါတွေ အကုန်လုံးကို တွေးခဲ့ပီးသားပါ။
ဒါပေမဲ့ ဤလောက်ထိ စောမယ်လို့ ထင်မထားပေ။

"ငါနဲ့ ယောင်းငယ်နဲ့ မနက်ဖြန် ၊သဘက် စေ့စပ်ပွဲပီးရင် ထိန်းမြှားပွဲ လုပ်တော့မယ်...ပီးတော့ ယောင်းငယ်က ငါနဲ့ ထိန်းမြှားပီးတာတောင် မင်းနဲ့ အဆက်အသွယ်မပြတ်တောက်ခဲ့ရင် မင်းကြောင့် ယောင်းငယ်က အိမ်ထောင်ရေးဖောက်ပြား တဲ့ သူ ဖြစ်သွားမှာ...ပြည်သူတွေ မုန်းတီးခြင်းကို ခံရမဲ့ ယောင်းငယ်၊ ဘဝတခုလုံး အိမ်ထောင်ရေးဖောက်ပြားတဲ့ သူအဖြစ် အမဲစက်စွန်းထင်းနေမဲ့ ယောင်းငယ်၊ မင်းနဲ့ ဆက်ရှိနေခဲ့ရင် နစ်မွန်းသွားမဲ့ ယောင်းငယ်ရဲ့ ဘဝ...အဲ့တော့ မင်း ရွေး ဂျွန်ဂျောင်ကု"

စကားအရှည်ကြီးကို ပြောပီးတော့ စိတ်ပျက်သလို မျက်မှောင်ကြုံ့ကာ နားထင်ကို ဖိသည့် မင်းသား...။
ထိုစကားတွေကြားမှာ အမြင်တွေပါ ဝေဝါးလာခဲ့သည့် အပြင် ဦးခေါင်းကပင် တဆစ်ဆစ် ထိုးကိုက်လာခဲ့သည့် သူ။
ဓားနဲ့ပင် မွှန်းနေသလို နာကျင်ရသော ရင်တစုံကို လစ်လျူရှုကာ ယောင်း အတွက်ပင် ရွေးချယ်ရန် ကြိုးစားလိုက်သည်။

"ကျနော်...ကျနော် ယောင်းကို စွန့်လွှတ်ပါ့မယ်..."

"နောက်ဆုံးတော့ ကိုယ့်နေရာ ကိုယ်သိပီပဲ ဂျွန်ဂျောင်ကု... ငွေသား‌တွေ မင်းကြိုက်သလို ယူသွား....ပီးရင် ယောင်းငယ်နဲ့ လမ်းတွေ့ခဲ့ရင်တောင် မသိတဲ့သူတွေလို နေပေးပါ တံငါသည် ဂျွန်ဂျောင်ကု!"

ပန်း [Complete]Where stories live. Discover now