ထိမ်းမြှားပွဲ...။ သူတို့အလိုကျ အတိုင်း ထယ်ယောင်း ထပ်ပီးတော့ ထိမ်းမြှားပွဲကို အလျှင်အစလိုလုပ်ရတော့မည်။
မှန်ရှေ့က သူ့ပုံရိပ်ကို တချက်ပြန်ကြည့်လိုက်သည်။
အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ထားပီး မျက်နှာသွယ်သွယ်ထက်က ရောင်နီများကိုလည်း တင်ချယ်ထားသေးသည်။
ထို့နောက် သူရဲ့ အညိုရောင်ဆံရှည်တွေကြားထဲ ပန်ထားခဲ့သည်က ဂျွန်လက်ဆောင်အဖြစ်ပေးထားသည့် ဆံထိုးပင်။
ထိုဆံထိုးလေးကို ဂျွန်ရဲ့ ကိုယ်ပွားလေးဟု စိတ်ထဲ မှတ်ယူကာ သူရဲ့ ထိမ်းမြှားပွဲ လုပ်မည် ဖြစ်သည်။
ထိုစဉ် သူရှိရာ အခန်းထဲ ဝင်လာခဲ့သော လီဂျောင်ဟို။"ကိုယ့်အကြင်နာလေးက ပန်းလေးလို လှရက်နေလိုက်တာ..."
"အခုအချိန်ထိ ဂျောင်ဟိုနဲ့ ကျနော်နဲ့က မထိမ်းမြှားရသေးတာမလို့ စကားကို ဆင်ခြင်ပြောပါ ဂျောင်ဟိုရှီး"
ယောင်းငယ်ရဲ့ သူစိမ်းဆန်သော စကားများကြားမှာ စိတ်ရှုပ်ထွေးသွားရသူက လီဂျောင်ဟိုပင်။
ခဏနေ သူ့အပိုင်ပဲ ဖြစ်လာတော့မှာကို ဘာလို့လဲ ခေါင်းမာနေရတာလဲ ကလေးရယ်...?"ကျနော်ခဏနေရင် ထွက်ခဲ့မှာမို့ အခန်းအပြင်ဘက် ထွက်စောင့်နေပေးလို့ ရမလား ဂျောင်ဟို?"
"အိုး...ခဏနေပါဦး ယောင်းငယ်ကလဲ...ကြည့်လို့တောင် မဝသေးတဲ့ဟာ...ပီးတော့လည်း ကိုယ်က ဒီဆံထိုးလေးကို ယောင်းငယ် ဆံနွယ်တွေ ကြားမှာ ကိုယ်တိုင် ပန်ပေးချင်လို့ပါ"
"မလိုပါဘူး...မပန်ပါနဲ့!"
"ယောင်းငယ် ခေါင်းမှာ ပန်ထားတဲ့ ဘယ်ကမှန်း မသိတဲ့ ဆံထိုးကို ချွတ်ပစ်လိုက်စမ်းပါ! ကိုယ်တို့ပြည်မှာ တန်ဖိုးအကြီးဆုံး ဆံထိုးကို ပန်ပေးမှာ!"
"ဒါက ဘယ်ကမှန်း မသိတဲ့ ဆံထိုးမဟုတ်ဘူး!!!!
ပီးတော့ ကျနော့်ကို အတင်းအကျပ်မလုပ်ပါနဲ့ ကျနော် မုန်းတယ်! ကျေးဇူးပြုပီး အပြင်ဘက်ကို ထွက်ပါတော့ လီဂျောင်ဟို!!!"ကင်မ်ထယ်ယောင်းက ဘာကိစ္စနဲ့ အဲ့လောက်တောင် ပြောရဆိုရခက်ပီး တအားကို ဆိုးနေရတာလဲ?
မင်းအခုလောလောဆယ်တော့ ဆိုးနိုင်သလောက်ဆိုးထားပါ ယောင်းငယ်...။
ဒီနေ့ညကျ ကိုယ် မင်းလို အလှလေးကို ညှာတာနိုင်မယ် မထင်ဘူး ယောင်းငယ်...။
YOU ARE READING
ပန်း [Complete]
Fanficသစ်ကိုင်းထိပ်မှာ ဖူးပွင့်နေတဲ့ ပန်းလေးသည် ခူးဖို့ ခက်ခဲသည်ဆိုပေမဲ့... ထိုပန်းလေးကပင် သူ့ထံ ကြွေကာ ကျဆင်းလာခဲ့သည်။ ခဏတာ ယူဆောင်လာခဲ့ပီး ထိုပန်း မှာထိုက်တန်တဲ့သူ ရှိလာတဲ့အခါ သူလွှတ်ချပေးပါမည်။ #ပန်း