Part 3

465 54 7
                                    

"သားတော် အခုတလော အပြင်တွေ ခဏ" ခိုးထွက်နေတယ်လို့ ကြားတယ်?"

"..."

ဘာမှ‌ပင် ပြန်မပြောသော သားတော်ကြောင့် အဖေဖြစ်သူ စိုးရိမ်စိတ်များပင် ဖြစ်လာခဲ့ရသည်။
သားတော်စည်းကမ်းများ‌‌ချိုးဖောက်တာ အရင်ကတည်းက သိပေမဲ့ သူလွှတ်ထားပေးမိသည်။
ဒါပေမဲ့ အခုတလော ပိုပိုဆိုးလာသော သူ့ရဲ့သားငယ်။
အပြင်သွားရင်လည်း အရင်ထက် နောက်ကျမှ ပြန်ရောက်သည်ဟု အထိန်းတော်ဝမ်ဆီမှ တဆင့်သိခဲ့သည်။
သူ့ရဲ့ သားငယ်လေးသည် လူဆင်းရဲများနှင့် အရောတဝင်ရှိသည်ဆိုတာလည်း သူသိထားသည်။
သားငယ်ဟာ စိတ်ထားကအစ သူ့အမေနဲ့ပင် သွားတူနေခဲ့တော့...
သားရဲ့အမေသည်လည်း သားတော်ကို မွေးပီးပီးချင်း မီးတွင်းထဲတွင် ဆုံးပါးသွားခဲ့ရသည်။
ငယ်ငယ်ကတည်းက အမေမေတ္တာငတ်ခဲ့ရတဲ့ သားငယ်လေးမို့ သူအလိုလိုက်ထားသည်မှာ များလွန်းပီ။
ထိုသားလေးဟာ သူခေါ်လာသည့် မိထွေးဖြစ်သူကိုလည်း သဘောမကျပေ။
အခုချိန်ထိ တန်ဖိုးထားရသော ပန်းလေးမို့ သူတကယ်ပဲ ထိုသားလေးကို တွန့်တိုမိပါသည်။

"ဟိုဘက်ပြည်က မင်းသားလီဂျောင်ဟို လာတော့မယ်...အနေအထိုင်ဆင်ခြင်ပါ သားတော်။

လီဂျောင်ဟိုဆိုသည့် သူသည် သားတော်နှင့် လတ်ဆတ်ပေးမည့်သူပင်။
ထိုလူငယ်သည်လည်း သားတော်အပေါ်တွင် မေတ္တာရှိသည်ဟု ဆို၏။
ထိုသို့သော လူနဲ့ လတ်ဆတ်ပေးမှ တိုင်းပြည်အတွက် အကျိုးရှိမည်။
ပန်းလို နူးညံ့နေသော သားလေးကို စိတ်ချရမဲ့သူလည်း ရှိစေချင်သည်မို့ ဒီလို ဆွေးနွေးကာ စေ့စပ်ပွဲလုပ်မည်ဟု သူစီစဉ်လိုက်ခြင်းပင်။

"ကျနော့်ရဲ့ သဘောကို မေးလား?"

"သားတော်!!!"

"သူ့ဘက်က ကျနော့်ကို မေတ္တာရှိပေမဲ့ ကျနော်တော့ သူ့ကို မလိုချင်ဘူး ‌ခမည်းတော်!"

"ဒါ မင်းကောင်းဖို့ အတွက်...!!"

"တော်ပါတော့ ကျနော်ကောင်းဖို့ အတွက်ပဲ မဟုတ်ဘဲ တိုင်းပြည်ရဲ့ အကျိုးအတွက်ပါပါတယ်ဆိုတာ မပြောလည်း ကျနော်သိတယ်!"

ပြောပီးတော့ သားငယ်သည် သူ့ရှေ့ကပင် ထွက်သွားခဲ့သည်။

"အဆင်ပြေသွားမှာပါ။ ကင်မ်"

ပန်း [Complete]Where stories live. Discover now