Part 16
255 31 5
ပန်းဆိုသည့် မင်းသားငယ်၏ နောက်ကွယ်က အကြောင်းအရာတချို့...
____________________
ထယ်ယောင်း စေ့စပ်ပွဲ ကိစ္စကို အကြောင်းပြု၍ အပြင်ထွက်လို့မရသည်မှာ တပတ်ပင် ပြည့်ပီ ဖြစ်သည်။
ဂျွန့်ကို တွေ့ချင်သည်။ ဂျွန့်ကို လွမ်းသည်။
ဒါပေမဲ့ အပြင်သို့ ထွက်ခွင့်မရသဖြင့် သူမှမတက်နိုင်ခဲ့..။
လီဂျောင်ဟို သည်လည်း သူ့ကို အမြဲလိုလိုကပ်တွယ်လာကာ အနားကနေပင် မခွာတော့။
ထို့ကြောင့် သူမတွေ့အောင် အဆောင်ဘက်ပဲ နေရတော့သည်။
____________________
"ယောင်း"
ဒါ ဂျွန်! သူကို့ ယောင်းလို့ ခေါ်သည့်သူမှာ ဂျွန်တယောက်က လွဲ၍ မရှိ။
ဂျွန်က သူ့ဆီလာတာလား?မဖြစ်နိုင်တာ!
သူ မယုံနိုင်ခြင်းများစွာဖြင့် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်?။
"အများကြီးလွမ်းနေခဲ့တာ ဂျွန်!!!"
ပြေးဖက်ပီး ဂျွန့်ရဲ့ ကိုယ်သင်းနံ့ကို တဝကြီး ရှူရှိုက်လိုက်သည်။
"ကျနော်လဲ လွမ်းနေခဲ့တာပါ"
"ငါ လာတွေ့ချင်ပေမဲ့ ငါ အပြင် ထွက်လို့ မရဘူး ဂျွန် အဲ့ကြောင့်..."
"ရှူး...ကျနော် သိပါတယ်... ယောင်း မထိမ်းမြှားခင်အထိ ကျနော်ကပဲ အခွင့်အရေးရရင် လာတွေ့ပါ့မယ် ယောင်း..."
"ငါ...ငါ ထိမ်းမြှားပီးရင်ကော...?"
"..."
တိတ်ဆိတ်သွားသည်။
ဂျွန့်အတွက် အဖြေမရှိဘူးထင်သည်။
မသေချာမရေရာတဲ့ အခြေအနေမျိုးမှာ သူ့နဲ့ မတူမရှိနေချင်ဘူး ထင်ပါရဲ့...။
ထို့နောက် အ‌မြန်ပင် စကားလမ်းကြောင်းလွဲသွားသော ဂျွန့်ကြောင့် သူ အတွေးများရပြန်ပီလေ။
ပီးတော့ သူ့တံခါးရဲ့ နောက်မှာ တွေ့လိုက်ရသော ပုံရိပ်တစ်ခု ထို ပုံရိပ်ဟာ ကလေးတွေတော့ မဖြစ်နိုင် ...။ လီဂျောင်ဟိုပင်...။
တွေ့သွားတော့လည်း အေးတာပဲ ပြောပြစရာမလိုတော့တာပေါ့...။
ဘာတွေပဲ ရွေးချယ်စရာတွေ ရှိလာရှိလာ ငါကတော့ မင်းကိုပဲ ရွေးချယ်သွားမယ် ဂျွန်!
မင်းဘာတွေ ကြောက်နေလဲတော့ မသိပေမဲ့ ပြောချင်တာ တခုထဲက ငါ့ကိုပဲ ချစ်ပေးပီး တခြားအရာတွေကို ငဲ့တောင် မကြည့်ဖို့ပါ။
ထိုစကားများကိုတော့ သူရင်ထဲက ပြောမိခြင်း..။
#ပန်း
AN : ဒီ ပန်း fic လေးကို သိပ်ပီး အားရတော့ဘူးး😭 un ရမလား?ಥ_ಥ
Zawgyi
____________________
____________________
"ယောင်း"
"..."
တိတ်ဆိတ်သွားသည်။
#ပန်း
ပန်း [Complete]Where stories live. Discover now