ပန်းဆိုသည့် မင်းသားငယ်၏ နောက်ကွယ်က အကြောင်းအရာတချို့...
____________________
ဒီနေ့မနက်တွင် ဂျွန် နန်းတော်ကို ရောက်လာပေမဲ့ သူ့ဆီမလာခဲ့တော့ ထူးဆန်းသွားရ၏?။
သေချာပေါက် ဂျွန်က သူ့ဆီ့ကိုပဲ လာရမှာပါ...
ဒီနန်းတော်ထဲမှာ ဘယ်သူရှိသေးလို့လဲ? ။
သံသယ စိတ်များနှင့် အနောက်က ချောင်းလိုက်မိသည်။
ဂျွန်ဝင်သွားသည်က လီဂျောင်ဟို ၏ အဆောင်ပင်။
အခုမှ အကြောင်းစုံကိုသိကာ နားလည်သွားရ၏။
လီဂျောင်ဟိုက ဂျွန့်ကို မဟုတ်တာတွေ ပြောပီး ပထုတ်ဖို့ ကြိုးစားနေခဲ့တာပဲ...! ။
ဟက်...မင်းအစီအစဉ်ခဏတာပဲ အောင်မြင်မယ်ဆိုတာ ငါဘယ်လိုပြောရက်ပါ့မလဲ ဂျောင်ဟိုရယ်...?! ။
ဂျွန်ဝင်သွားသည်နဲ့ တပြိုင်နက် တံခါးချပ်နောက်မှာ ကွယ်ကာ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။"ယောင်းငယ်ကို အပြတ်ဖြတ်"
"မင်း...မင်းသားဂျောင်ဟို"
သူတို့ ပြောတဲ့ စကားများကို ကြည်လင်ပြတ်သားစွာ ကြားနေရသည့် အတွက် ထယ်ယောင်း ငြိမ်ကာ နားထောင်နေမိသည်။
"အချိန်လိုအပ်ပါတယ်..."
"အချိန်...? ငါ မင်းကို ဒီကို ခေါ်တယ်ဆိုတာက
အဲ့လို အခွင့်အရေးတွေ ပေးနေဖို့ ခေါ်တာ မဟုတ်ဘူး ပီးတော့ ကိုယ့်နေရာကိုယ် သိပါ ဂျွန်ဂျောင်ကု!! မင်းရဲ့ အဆင့်နဲ့ ယောင်းငယ် နဲ့ ဘယ်လိုမှ မအက်စပ်ဘူးဆိုတာ နားလည်မယ်လို့လည်း ထင်တယ်...ယောင်းငယ်ကလဲ မင်းကို ခဏတာ ကစားခဲ့တာပဲ ဖြစ်မှာ"ထိုစကားများနောက်တွင် သူ လက်သီးများပင် ဆုပ်၍ သတ်ပစ်ချင်သည့် စိတ်ကို လုံးဝကို ချိုးနိုမ်ထားရသည်။
အဆင့်..? အဆင့်ဆိုတဲ့ အရာက ဘာလဲ?
လုံးဝ သုံးစားမရတဲ့ အရာကြီးလေ?
အချစ်ဆိုတာ တယောက်နဲ့ တယောက်ချစ်နေရရင် ပီးပီလို့ သတ်မှတ်ထားတဲ့ ထယ်ယောင်း နဲ့ အဆင့်တွေ၊ လူတန်းစားတွေ၊ ပြဿနာတွေနဲ့ ဖြေရှင်းနေရတဲ့ အရာကို အချစ်လို့ သတ်မှတ်ထားတဲ့ သူတို့တွေနဲ့ လုံးဝ မကိုက်ညီ။
ဂျွန်က ဘာမှပြန်မပြောဘဲ အတွေးနယ်ချဲ့နေခဲ့ပုံ...
သူသိတာပေါ့...ဂျွန်က အမြဲ စိုးရိမ်နေတဲ့ သူလေ...။
![](https://img.wattpad.com/cover/305402605-288-k930879.jpg)
YOU ARE READING
ပန်း [Complete]
Fanficသစ်ကိုင်းထိပ်မှာ ဖူးပွင့်နေတဲ့ ပန်းလေးသည် ခူးဖို့ ခက်ခဲသည်ဆိုပေမဲ့... ထိုပန်းလေးကပင် သူ့ထံ ကြွေကာ ကျဆင်းလာခဲ့သည်။ ခဏတာ ယူဆောင်လာခဲ့ပီး ထိုပန်း မှာထိုက်တန်တဲ့သူ ရှိလာတဲ့အခါ သူလွှတ်ချပေးပါမည်။ #ပန်း