Part 21

354 42 10
                                    

မျက်နှာပေါ် လောင်းချလာသည့် ရေများကြောင့် ဂျောင်ကု နိုးထလာခဲ့သည်။
ရေမွန်းသွားလို့ အသက်ကို လူရှူနေရသည်။
သို့ပေမဲ့ ခဏတာသာ...။
ခေါင်းကနေကိုင်မော့စေပီး သူ့မျက်နှာကို စေ့စေ့ကြည့်သော လီဂျောင်ဟို...။
သူရောက်နေခဲ့တာ နန်းတွင်းပင် ပထမအခေါက်တွေကလို ပျော်ရွှင်စရာကောင်းတဲ့ ကိစ္စတွေ မဟုတ်ခဲ့...နန်းတွင်းက အချုပ်ပင်...။
လီဂျောင်ဟိုဆိုသည့် သူသည် အာဏာဖြင့် တတိုင်းပြည်လုံးကို အရူးလုပ်သည်။
မင်းသားနှင့် လီဂျောင်ဟိုတို့၏ မင်္ဂလာဦးညတွင် မင်းသားကို အတင်းအဓမ္မာယူခဲ့သော လူအဖြစ် စွပ်စွဲသည်။
ဂျောင်ကုလို လူမျိုးက ဘယ်လိုပဲ ငြင်းဆန်ခဲ့၍ မရပါ။
မင်းသားသည်လည်း အဆောင်တွင် ပိတ်ထားခံရသည်ဟု ဆိုသည်။

"သူလား ဂျွန်ဂျောင်ကုက..."

"ဟုတ်ကဲ့...ခမည်းတော်..."

"အင်း ဂျောင်ဟို မင်းသွားလို့ ရပီ ငါ ခဏလောက် စကားပြောလိုက်ဦးမယ်"

"ဟုတ်ကဲ့..."

လီဂျောင်ဟို ထွက်သွားပီးနောက် သူ့အနားကို တရွေ့ရွေ့ကပ်လာခဲ့သော...ယောင်းရဲ့ ခမည်းတော်...။

"မဆိုးဘူးပဲ..."

"..."

"ဟင်? ငါမပါရင် မပီးတာလား? မင်းက?"

"..."

"မင်းကို ငါတို့ အေးဆေးထွက်သွားခိုင်းခဲ့တယ်လေ...? သားတော်က ခေါင်းမာခဲ့ရင်တောင် မင်းက အသိဉာဏ်ရှိခဲ့သင့်တာလေ...!!ထယ်ယောင်းနဲ့ ဂျောင်ဟိုနဲ့ ဒီလောက် လိုက်ဖက်တာ မင်းမမြင်တာလား? မင်းကို အချိန်ယူပီးမှ သတ်မှာ မလို့  စိတ်မပူပါနဲ့ အနားယူလိုက်ပါဦး ဟက်!!"

"ယောင်း ခေါင်းမာရတာ ခဗျားတို့ကြောင့်!!!!!"

ပြောချင်ရာ ပြောပီး ထထွက်တော့မဲ့ ထိုလူကို သူ ကြုံးအော်လိုက်သည်။
သူ့မှာ ယောင်းငယ်အတွက် ကြောက်စိတ်ပင် ရှိမနေခဲ့ပါ...။

"ဘာ!!!! ခဗျား!!!"

"ခဗျားတို့ပဲ တင်းကျပ်၊ချုပ်ချယ်ပီး လှောင်အိမ်ထဲမှာထည့်ထားခဲ့ကြတာလေ!!! ငှက်ဆိုတာ ပျံသန်းဖို့ ဆိုပေမဲ့ အဲ့ငှက်ရဲ့ တောင်ပံတွေကို ချိုးခဲ့တာလဲ ခဗျားတို့ပဲ!!! ယောင်းမနှစ်သက်တဲ့သူနဲ့ တိုင်းပြည်ကောင်းကျိုးအတွက် အတင်းစေ့စပ်ခိုင်းတယ်!!! နေ့တိုင်း နန်းတွင်းမှာပဲ နေခိုင်းပီး လုံခြုံရေးအတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ယောင်းငယ်ကို ပိတ်လှောင်တယ်! ဘယ်မှာလဲ ယောင်းအတွက် ခဗျားရဲ့ ဖခင် မေတ္တာ?!!!"

ပန်း [Complete]Where stories live. Discover now