Part 22 final

557 45 2
                                    

အခန်းကျယ်အတွင်း၌ အဝတ်များကို အိတ်ထဲသို့ တည်ငြိမ်စွာ ထည့်နေသော ထယ်ယောင်း...။
ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေကြား သူလုံးဝပင် တုန်လှုပ်မှု့မရှိပါ...။
လီဂျောင်ဟိုသည် သူကို အဆောင်ထဲ ပိတ်လှောင်ထားခဲ့သည်။
အာဏာရှိသည် ဆိုသည့်အတိုင်း အကုန်လုံးကို အရူးလုပ်သည်။
ဂျွန့်ကိုလည်း နန်း‌တွင်းက အပြစ်သား အချုပ်ထဲထည့်ကာ သတ်မည်ဟုဆို၏...။

"ယောင်းငယ်..."

အဆောင်ထဲ ဝင်လာသော လီဂျောင်ဟို...။

"ပျော်လား?? လီဂျောင်ဟို?"

"ဟက်...ပျော်တာပေါ့ ယောင်းငယ်ရာ!! မင်းက ကိုယ့်အပိုင်က ကိုယ့်အပိုင်ပဲလေ...? အဲ့ကောင်ကို သတ်တဲ့ အချိန်ထိစောင့်ဦးမယ် ဖြည်း"ချင်းပေါ့...!"

"ငါသိပ်စိတ်ပျက်တာပဲ..."

"အိုးးး ဂျွန်ဂျောင်ကု မသေခင်...အခု သိမ်းပိုက်ရမလား ယောင်းငယ်...?"

ပြောတာ သူ့ကို အခင်းပေါ် တွန်းချသည်။
အားခြင်းမမျှသည်မှာ ရုန်းကန်သော်လည်း အရာမထင်ပါ။
နှုတ်ခမ်းကို အတင်းနမ်းကာ... သူ့ခန္ဓာကိုယ်ပေါ်လို့ ရောက်လာသော လက်များ...။
မဖြစ်ဘူး...!

ထယ်ယောင်းလက်တဖက်ဖြင့် ဆံပင်ကြားထဲ ပန်ထားမိသော ဆံထိုးကို ယူကာ...။
လီဂျောင်ဟို၏ ရင်ဘတ်တည့်တည့်၌ ထိုးလိုက်သည်။
ခဗျားတို့သိတဲ့ အဆိပ်ပန်းက ဒါမျိုးပဲ!!!
နာကျင်နေသည့်ဟန်ဖြင့် ကုန်းရုံးထဖို့ ပြင်နေသည့် ‌လီဂျောင်ဟို...။
လီဂျောင်ဟို ရင်ဘတ်ထံမှ ထိုဆံထိုးကို ဆွဲထုတ်ကာ နောက်ထပ်တချက်ပင် ထပ်ထိုးမိသည်။
ထိုအဖြစ်အပျက်အားလုံးကို တံခါးနောက်မှ ကြည့်နေသည့် ထယ်ယောင်း၏ ခမည်းတော်မှာ အံဩမှု့ များစွာ...။

____________________

"ငါတို့ ထွက်ပြေးကြမယ် ဂျွန်!"

"ယောင်းအရာအားလုံးကို စွန့်လွှတ်ပီး ကျနော့်နောက်ကို လိုက်ရဲလား??"

"မင်းနဲ့ ဘယ်နေရာမဆို ငါလိုက်မယ် နောက်ပီး
ငါ့မှာ မင်းပဲ ရှိ‌တော့တယ် ဂျွန်..."

"သွားကြရအောင် ယောင်း"

ထိုနောက် လက်ခြင်းတွဲကာဖြင့် ပြေးထွက်လာခဲ့ကြသည်။

ပန်း [Complete]Where stories live. Discover now