"ငါ့ကို ယူပါဂျွန်~"
"ကျနော် မလုပ်..နိုင်ဘူး ယောင်းး"
သူ ယောင်းကို ဘယ်လို ယူရက်ပါ့မလဲ...?
ယောင်းရဲ့ ပထမဆုံးကို ကျနော် ရသွားလို့ ယောင်းနောင်တရနေတာမျိုး ရှိခဲ့ရင်...။
ဟင့်အင်...သူ ယောင်းငြိုငြင်မှာ သေလောက်အောင် ကြောက်ပါသည်။"ဘာတွေ ကြောက်နေတာလဲ ဂျွန်? ငါကိုယ်တိုင်က မင်းကို လိုလားလို့...ငါ့ရဲ့ အရာအာလုံးကို မင်းတယောက်တည်းကိုပဲ ပုံအပ်ပီး ပေးချင်လို့...ငါ ဒီလိုတွေလုပ်နေတာ...ဂျွန်!!!"
"ကျနော် တခါလောက် တကိုယ်ကောင်းဆန်ကြည့်မယ်..."
ထို့သို့ပြောကာ ဂျွန့်သည် သူ့ကို စိတ်ဆန္ဒပြင်းပြစွာနမ်းရှိုက်သည်။
တိုးဝင်လာသော လျှာဖျားနောက် သူတို့နှစ်ယောက်ရဲ့ အနမ်းများသည် ပိုမိုကြာရှည်စွာ...။
ထို့နောက် တလွှာချင်း ကွာကျသွားခဲ့သော သူ့ရဲ့ အဖြူရောင်ဝတ်စုံရှည်...။ထို့နောက် ထယ်ယောင်း၏ လည်တိုင်ပေါ်
အမှတ်တရများ ကျန်ခဲ့ဖို့ နီးကပ်သွားသော ဂျောင်ကု၏ နှုတ်ခမ်းပါး...။
သူရပ်လိုက်သည်...။ သူက ဒီလိုလုပ်လို့မှ မရဘဲ...။"ဂျွန် မင်းတကိုယ်ကောင်းဆန်ကြည့်ချင်တယ်ဆို... ဘာကိုမှ တွေးမနေပါနဲ့..."
ယောင်းက သတိထားမိတယ်ထင်သည်...။
သူတကယ်ကော တကိုယ်ကောင်းဆန်ပစ်လို့ ရရဲ့လား???
ယောင်းကို မင်းသားဂျောင်ဟို သိမ်းပိုက်သာ သွားရင် သူ ရူးဖို့ပဲ...ကျန်တော့မည်။
လူတွေ အားလုံးက တကိုယ်ကောင်းဆန်ကြတာပဲ..
နူးညံ့သော လည်တိုင်ထက် ကျရောက်သွားသော ဂျောင်ကုရဲ့ နှုတ်ခမ်းပါးများ...။
သူ့ပေးတဲ့ အမှတ်အသားများနှင့် ယောင်းက သိပ်လှတယ်...။
ပန်းလို နူးညံ့လွန်းတဲ့ ယောင်းမို့ သူ မနာစေချင်မိဘူး...။
သူ ဒီည တက်နိုင်သလောက် ထိန်းချုပ်မယ်...။
ကျနော် ထိန်းချုပ်ထားတဲ့ကြားထဲက ယောင်းကို နာကျင်စေခဲ့ရင် ကျနော် တောင်းပန်ပါရစေ...။"အ့"
"အ့"
နီးဆက်သွားခဲ့သော အရာများအောက်တွင် ထယ်ယောင်း နာကျင်မှု့မျိုး တစိုးတစမှ မခံစားခဲ့ရ...။
ဂျွန်က သူ့ကို ထိခိုက်မှာ စိုးလို့ နူးညံ့စွာ ဆက်ဆံနေခဲ့တာ...။
ဂျွန်ကအမြဲ သူ့အတွက်ပဲ တွေးပေးသည့် လူမျိုးပင်လေ...။
ကျေနပ်သည်ဆိုတာထက် ပိုသည်...။
သူ့အရာအားလုံးရဲ့ ပထမဆုံးသည် ဂျွန် ဖြစ်နေခဲ့လို့ပင်...။
ငါ မင်းကို ထင်ထားတာထက်ကို ပိုအောင် မြတ်နိုးရပါတယ် ဂျွန်~
YOU ARE READING
ပန်း [Complete]
Fiksi Penggemarသစ်ကိုင်းထိပ်မှာ ဖူးပွင့်နေတဲ့ ပန်းလေးသည် ခူးဖို့ ခက်ခဲသည်ဆိုပေမဲ့... ထိုပန်းလေးကပင် သူ့ထံ ကြွေကာ ကျဆင်းလာခဲ့သည်။ ခဏတာ ယူဆောင်လာခဲ့ပီး ထိုပန်း မှာထိုက်တန်တဲ့သူ ရှိလာတဲ့အခါ သူလွှတ်ချပေးပါမည်။ #ပန်း