Episode 1

2.9K 308 31
                                    

Unicode

E tran note- ထိပ်တန်းဒရာမာတွေမပါပဲ ဖတ်ရတာ လွယ်တယ်။ MLကအလုပ်လုပ်‌ေနတဲ့သူဖြစ်‌ေနချိန်မှာ MCက‌ ကျောင်းတက်နေတုန်းဖြစ်တဲ့အတွက် သူ့ရဲ့စရိုက်နဲ့တုန့်ပြန်မှုတွေကရင့်ကျက်မှုမရှိသေးကြောင်းကိုသတိရထားပါ။

အာရုံစူးစိုက်ရမှာက MCနဲ့MLရဲ့ဆက်ဆံရေး၊ MCရဲ့အသက်မွေးဝမ်းကြောင်းအပေါ်နည်းနည်းပေါ့။ ပြီးတော့ ဒီထဲမှာ ကိတ်မုန့်နဲ့ မုန့်တွေ အများကြီးရှိတယ်။ 🍰

-komorebi

>>>>>>>>>>

ဆောင်းဦးရဲ့ နေ့ကောင်းကင်က တိမ်ကင်းစင်ပြီး ပြာလဲ့လဲ့ရှိနေတယ်။

မုန့်ဆိုင်တစ်ခု၏‌ေထာင့်တစ်‌ေနရာတွင် အနံ့တစ်ခု‌ေမွှး‌ေနပြီး လူတွေတန်းစီနေတာအဆုံးမရှိပေ။ နောက်ဖေးမီးဖိုချောင်ရှိ မုန့်ဖုတ်ခုံဘေးတွင် အဖြူရောင်စားဖိုမှူးဝတ်စုံဝတ်ထားသောရုပ်ပုံအများကြီးရှိရာ ဟိုဟိုဒီဒီလှုပ်ရှားနေကြပြီး ရံဖန်ရံခါ ဆော်ဩသံတစ်ချို့ထွက်လာသည်။

"Chiffon အဆင်သင့်ဖြစ်ပြီလား"

"ငါ့ရဲ့ ရက်စ်ဘယ်ရီယိုက ဘယ်မှာလဲ"

"အားလုံးပြီးပြီ။ chiffon ကိတ်မုန့်က ပထမဆုံးပုံးပေါ်မှာရှိတယ်။ ရက်စ်ဘယ်ရီယိုကဒီမနက်ကမှရောက်လာတာ ရေခဲသေတ္တာအောက်ဘက်မှာရှိတယ်။"

စပီကာအသံသည် အဖြူရောင်စားဖိုမှူးဦးထုပ်ကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည် သွယ်လျသော လူငယ်တစ်ဦးဖြစ်သည်။ အဖြူရောင် ဂျုံမှုန့်အမှုန် အနည်းငယ်သည် သူ၏ ချောမောပြီး ကြည်လင်နေသော မျက်နှာကို ပေါ်လွင်စေပြီး အပြုံးကို မြင်ပြီးနောက် လူများကို ဒေါသငြိမ်စေသည်။

"ရှောင်ဝမ်း၊ မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"

"ရပါတယ် ဒါက ကျွန်တော်လုပ်‌ေပးသင့်တာပါပဲ"

သူပြောပြီးသည်နှင့် အနောက်မီးဖိုချောင်တံခါးကို တွန်းဖွင့်လိုက်ပြီး လက်ထောက်မန်နေဂျာက စိုးရိမ်တကြီးဝင်လာသည်။

"ရှောင်ဝမ်း စတိုမှာဖောက်သည်တွေအရမ်းများနေပြီး အရှေ့မှာလဲအရမ်းအလုပ်ရှုပ်နေတယ် မင်းအဝတ်အစားလဲပြီးအမြန်လာကူညီပေးပါဦ"

ချမ်းသာသောမသန်စွမ်းအာဏာရှင်ကိုလက်ထပ်ပြီးနောက် (ဘာသာပြန်)Where stories live. Discover now