Episode 10

398 62 9
                                    

Unicode

ဝမ်ယွမ်သည် စင်မြင့်အောက်က ပရိသတ်တွေကို တချက် လွှမ်းခြုံကြည့်လိုက်သည်။ သူ ချီကျင်းရန်ကိုတွေ့လိုက်ရတော့ စက္ကန့်ပိုင်းလောက် အမြင်မှားသွားသလိုပဲ။

အဲ့ဒီလူက ဒီနေရာမှာ ပေါ်လာတယ်ပေါ့? ဖြစ်နိုင်လို့လား

"ဝမ်ယွမ် ဆင်းရတော့မယ်"

သူ့အနောက်က စင်ဝန်ထမ်းက သတိပေးလာသည်။

ဝမ်ယွမ် အမြန်သတိကပ်လိုက်ပြီး နောက်တစ်ခါ ဦးညွတ်လိုက်တယ်။ နောက်တော့ အော်ဟစ်သံတွေကြားကနေ ပန်းစည်းနဲ့အတူ စင်အောက်ဆင်းလာလိုက်တယ်။

နောက်ဆုံး အဖွဲ့လိုက်ဓာတ်ပုံရိုက်ကြပြီးတော့ ဝမ်ယွမ်ရဲ့မျက်နှာ အပြုံးမပျက်နိုင်သေးပေ။ သူ တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်ပြီးတော့ မိတ်ကပ်ဖျက်ရန် နားနေခန်းကို ပြန်လာခဲ့သည်။

ဖျော်ဖြေရေးသမားတွေ ထွက်သွားကြပြီးတော့ နားနေခန်းထဲမှာ ဘယ်သူမှမရှိတော့ဘူး။ ဝမ်ယွမ်သည် မျက်နှာဆေးကြောဖို့ ရေချိုးခန်းထဲ ဝင်သွားလိုက်ပြီး သူ့ခေါင်းပေါ်က ရွှေမှုန်တွေနဲ့ ကြိုးမှုန့်တွေကို ဖယ်နေသည်။ သူ့အနောက်ဘက်က ပုံရိပ်တစ်ခုကို တွေ့တော့ မော့ကြည့်လိုက်သည်။

မှန်ရဲ့တခြမ်းဘက်မှာ ကျိုးယွင်ချင်းက အဖြူရောင်ဝတ်စုံနဲ့ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေတယ်။

ဝမ်ယွမ်ရဲ့ စင်မြင့်ပေါ် ပေါ်ထွက်လာခြင်းက ကျိုးယွင်ချင်းကို အတိတ်က အရာများစွာ အမှတ်ရစေတယ်။ မနှစ်က ဒီလိုချိန် သူစင်မြင့်အလယ်မှာ ဖျော်ဖြေနေစဉ် ဝမ်ယွမ်က သူ့ဂစ်တာကိုကိုင်ထားပြီး ထောင့်မှာရပ်နေကာ သူ့ရဲ့သတ္တုလေး ဖြစ်နေခဲ့မယ်။ တစ်ချက်တစ်ချက် သူ့ကိုကြည့်ပြီး ပြုံးနေတတ်သေးတယ်။

အဲ့ဒီမျက်လုံးလေးတွေက ဖော်မပြနိုင်လောက်တဲ့ အချစ်တွေနဲ့ ပြည့်နေခဲ့တယ်။

ဒါပေမယ့် အဲ့ဒီအရာအားလုံးကို သူ့လက်နဲ့ ဖျက်စီးခဲ့မိပြီ။

သူချစ်တဲ့ကောင်လေးက သူ့ကိုထားခဲ့တာတောင် တောက်ပနေတုန်းပဲ။ အရင်ကထက်တောင် ပိုပြီးတောက်ပနေသေးတယ်။ သူက သူ့ကို ပရိသတ်တစ်ယောက်အနေနဲ့ပဲ ကြည့်နေခဲ့ပြီး ထိုထက်မပိုခဲ့ပေ။

You've reached the end of published parts.

⏰ Last updated: Sep 19, 2024 ⏰

Add this story to your Library to get notified about new parts!

ချမ်းသာသောမသန်စွမ်းအာဏာရှင်ကိုလက်ထပ်ပြီးနောက် (ဘာသာပြန်)Where stories live. Discover now