Unicode
လွန်ခဲ့သောမိနစ်နှစ်ဆယ်ခန့်က...
တိုးချဲ့လင်ကွန်းဆောင်တွင် ချီကျင်းရန်သည် ကွန်ပြူတာကိုပိတ်လိုက်ပြီး ချီတုံ့ဟွေး၏ ဗီဒီယိုခေါ်ဆိုချိန်တွင် မျက်ခုံးနှစ်ခုကြားကိုဖိနှိပ်ထားရသည်။
“အဘိုး.. ကိစ္စတစ်ခုခုရှိလို့လား?”
“မင်း ဝမ်ချန်းကိုပြန်ရောက်ပြီလား... မြန်မြန် ရှောင်ယွမ်ကိုသွားကြိုပြီး ဒီညနေ လက်ထပ်ပွဲကိုပြီးအောင်လုပ်လိုက်”
(TN/Grandpa be like 🌚)
Bမြို့က အစိုးရတွေနဲ့ ညတွင်းချင်း ဆွေးနွေးမှုတွေလုပ်ထားရတဲ့ ချီကျင်းရန်ရဲ့ မျက်လုံးများသည် သွေးရောင်တောက်ကာ နီရဲနေပြီ။ ခေါင်းအုံးပေါ်မှာငိုက်မျဉ်းနေရင်း သူ့အသံကို ဘာမှမထူးခြားသလိုချိန်ညှိလိုက်ပြီး “ရက်နည်းနည်းကြာမှ ထပ်ပြောရအောင်လေနော်”
“အဲ့လိုလုပ်လို့မဖြစ်ဘူး... မြန်လေကောင်းလေပဲကွ... ရှောင်ယွမ်မှာ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတွဲခဲ့ဖူးတဲ့ ရည်းစားတစ်ယောက်ရှိတယ်လို့ကြားတယ်.. ပြီးခဲ့တဲ့နှစ်ရက်က လမ်းခွဲလိုက်ကြပေမယ့် ထပ်ပြီး ပြန်တွဲသွားကြရင် ဘယ်လိုလုပ်မလဲ?”
ချီကျင်းရန်၏ နှုတ်ခမ်းများ တွန့်သွားကာ “စိတ်မပူပါနဲ့ သူတို့မတွဲပါဘူး”
“ဘာလဲ.. မင်းက ဘယ်လိုလုပ်သိနေရတာလဲ?” ချီတုံ့ဟွေးရဲ့လေသံက အနည်းငယ် လှောင်ပြောင်ချင်နေသလိုပဲ ဒီစကားတွေထဲမှာ ထူးဆန်းနေတဲ့ အရာတစ်ခုပါနေသလို ခံစားရသည်။
ချီကျင်းရန် မျက်မှောင်ကြုတ်လိုက်သည်။ ဘေးနားက လေအေးပေးစက်လိုေတာင့်တင်းစွာရပ်ေနတဲ့ လက်ထောက်ဖြစ်သူက အသံထွက်လာသောကြောင့် စကားလှမ်းပြောလိုက်သည်။
“တစ်ခုခုဖြစ်လို့လား?”
ကျွမ်းကျဲသည် တစ်ခုခုပြောရန်ပြင်ပြီးမှ တုံ့ဆိုင်းသွားသည်။ စက္ကန့်အနည်းငယ်ကြာအောင် ရုန်းကန်ပြီးနောက် သူ့ဖုန်းစခရင်ကို လှည့်ပြသည်။
“မစ္စတာ ချီ... ကျွန်တော် ဒါကို T တက္ကသိုလ်ရဲ့ ဖိုရမ်ကို တွေ့လိုက်တာ...”
YOU ARE READING
ချမ်းသာသောမသန်စွမ်းအာဏာရှင်ကိုလက်ထပ်ပြီးနောက် (ဘာသာပြန်)
RomanceAssociated name- 跟豪門殘疾霜總聯姻後 Author- 壹枚 Status in COO-67 chapters (Complete) jjwxc published #I own nothing about this novel and cover photo. I'm just translation, and without permission to translate. Crd and respectly to original author and english...