Episode 6

1.1K 214 9
                                    

Unicode

ချီကျင်းရန်ရှေ့မှာ သူ ဘယ်နှကြိမ်များ မျက်နှာပျက်ရဦးမှာပါလိမ့်?

ဖုန်းချလိုက်ပြီးနောက် ဝမ်ယွမ်သည် အပြုံးတုဖြင့် ချီကျင်းရန်ကိုနှုတ်ဆက်သည်။

“ခင်ဗျားလည်း… လေ့ကျင့်ခန်းလာလုပ်တာလား? တိုက်ဆိုင်လိုက်တာ”

'ငါမရှက်သရွေ့ တဖက်လူကရှက်လိမ့်မယ်'* ဆိုတဲ့ နိယာမကြီးကိုလိုက်နာရင်း ပြေးစက်ဆီကို အေးအေးဆေးဆေး‌ေခြဆန့်သွားလိုက်သည်။

(TN/ * နားလည်မယ်ထင်တာပဲ မျက်နှာပြောင်တိုက်တာကိုပြောတာပါ🥱)

ပြတင်းပေါက်ဘက်ကို မျက်နှာမူထားသော မျက်လုံးများနဲ့ မျက်နှာသုတ်ပုဝါကိုင်ထားသည့် အနည်းငယ်တုန်ယင်နေသောလက်များက ဝမ်ယွမ်ရဲ့ကြောက်ရွံ့မှုကိုသစ္စာဖောက်နေသည်။

အားကစားဝတ်စုံ လျော့ရဲရဲကိုဝတ်ဆင်ထားသည့် ချီကျင်းရန်ရောက်လာသည်။ 

ထိုလူရဲ့ ခြေသံတွေနီးကပ်လာတာကိုကြားတာနဲ့ ဝမ်ယွမ်၏နှလုံးခုန်သံများ ကျယ်လောင်လာပြီး သူ့ပါးပြင်တွင် ရှက်ရွံ့မှုတို့ကြောင့် ပူလောင်လာသည်။ ဒီလူက သူ့ကို ထပ်ပြီး မထီမဲ့မြင်ပြုမှာမဟုတ်လား။

ဝမ်ယွမ်က သူ့လည်ပင်းကိုတင်းတင်းကြပ်ကြပ်အညစ်ခံပြီး ထပ်မံကြိမ်းမောင်းခံရဖို့ အသင့်ဖြစ်နေခဲ့ပေမယ့် မမျှော်လင့်ထားဘဲ ချီကျင်းရန်က သူ့ရှေ့လျှောက်လာကာ ရိုးရိုးပဲပြောလာသည် “ဒီပြေးစက်ကပျက်‌ေနပြီ နောက်တစ်ခုကိုသုံးသင့်တယ်”

ပြောပြီးသည်နှင့် သူက ဂရုမစိုက်ဘဲ လှည့်သွားကာ နံဘေးရှိ ဧည့်ခန်းဆီသို့ ဝင်သွားသည်။

ဝမ်ယွမ် : ကောင်းလိုက်တာ

သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

အခြား ပြေးစက်ဆီကိုသွားလိုက်ပြီး ဝမ်ယွမ်က လည်ဆန့်ကာ ဧည့်ခန်းနေရာကို စေ့စေ့ကြည့်လိုက်သည်။

နေ့လည်တုန်းက သူချက်ထားတဲ့ ဘော့ခ်ျက ချီကျင်းရန်ရဲ့ဗိုက်ကိုသိမ်းပိုက်လိုက်နိုင်‌ေတာ့ သူ့ကို ဆူပူကြိမ်းမောင်းဖို့ ရှက်နေတာများလား။

ချမ်းသာသောမသန်စွမ်းအာဏာရှင်ကိုလက်ထပ်ပြီးနောက် (ဘာသာပြန်)Where stories live. Discover now