Episode 8

1.4K 157 7
                                    

Unicode

ချီကျင်းရန်ရဲ့စကားကိုကြား‌ေတာ့ ဝမ်ယွမ် ချက်ချင်း ထိတ်လန့်သွားသည်။

အဖိုးချီပြောပြခဲ့တဲ့ သူ့ကို အခုလိုဖြစ်လာစေသော လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ချီကျင်းရန်တွေ့ကြုံခဲ့ရတာတွေကို ပြန်သတိရသွားသည်။

အသံမဲ့ တိတ်ဆိတ်‌ေနမှုက ငြိမ်သက်နေတဲ့အမူအယာအအောက်မှာ စကားမပြောနိုင်တော့ဘဲ နာကျင်ဝမ်းနည်းမှုတို့ကို ဖိနှိပ်ထားတဲ့ ချီကျင်းရန်၏ ရေကန်လို နက်နဲသော မျက်လုံးများကို စိုက်ကြည့်နေမိတယ်။

“Mr.ချီ ကျွန်တော်တို့ အိမ်ကိုရောက်ပြီ”

ကျွမ်းကျဲက မြေအောက်ကားပါကင်မှာ ကားကိုရပ်လိုက်ပြီး တိုးတိုးလေးပြောသည်။

“မင်း အရင်သွားနှင့်”

“ဟုတ်ကဲ့ပါ Mr.ချီ”

ကားမီးရောင် မှိန်မှိန်လေးသာပွင့်နေသော ကားထဲတွက် ဝမ်ယွမ်နဲ့ ချီကျင်းရန်တို့သာ ကျန်နေခဲ့သည်။

“ဒါဆို အခု မင်းကို အရူးလို့ခေါ်ဖို့ အရည်အချင်းပြည့်မှီပြီလား?”

ချီကျင်းရန်ရဲ့ မာနကြီးတဲ့အကြည့်ကို ကြည့်လိုက်ချိန်မှာ ဝမ်ယွမ်သည် ထိုလူရဲ့ မျက်လုံးထဲတွင် သူမြင်ခဲ့ရတဲ့ ဝမ်းနည်းမှုနဲ့ နာကျင်နေမှုတွေက ဟန်ဆောင်မှုတစ်ခုပဲလားဆိုတာကို သံသယဝင်လာပြီ။

“ကောင်းပြီ ခဗျား အရည်အချင်းမှီပါတယ်”

ဝမ်ယွမ်က အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သဘ်။ သူ့ကိုယ်သူ အကြောဆန့်လိုက်ကာ ဖြည်းညှင်းစွာ ပြင်ထိုင်လိုက်သည်။ အရက်သောက်ထားတာကြောင့် ဖြစ်နိုင်ပေမယ့် သူ ရုတ်တရက်ကြီး စနောက်ချင်စိတ်ဖြစ်လာသည်။

ဒီလူက ဒီလောက်တောင် တည်ငြိမ်နေနိုင်မယ်လို့ သူ မယုံနိုင်ပါဘူး။

“ခဗျားက ကျွန်တော်နဲ့ နီးနီးကပ်ကပ်နေရတာ မကြိုက်ဘူးမလား”

“အနည်းဆုံးတော့ မင်းက ကိုယ့်ကိုကိုယ်သိသေးတာပဲ”

ချီကျင်းရန်က အေးစက်စွာထုတ်ပြောလိုက်ပြီး မျက်ကြောကို လျော့လိုက်တော့တယ်။ သူ့လက်ကိုထုတ်ပြီး ကားတံခါးဖွင့်ဖို့ လှည့်လိုက်သည်။ သူ လှည့်ကြည့်လိုက်တော့ ဝမ်ယွမ်က တချိန်တုန်းက အရှုံးပေးလိုက်သလို ပုံစံက ပြောင်းလဲသွားပြီး တောက်ပသော မျက်လုံးများက အလိမ္မာဖြင့် ပါးနပ်စွာ သူ့ကိုကြည့်နေတာကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။

ချမ်းသာသောမသန်စွမ်းအာဏာရှင်ကိုလက်ထပ်ပြီးနောက် (ဘာသာပြန်)Where stories live. Discover now